ကန်ဘာရာ – အောက်တိုဘာ(၂၆) 

တရုတ်နိုင်င့မှာ အလုပ်လုပ်ခဲ့တဲ့ အမေရိကန် စစ်ဘက်လေယာဉ်မှူးနဲ့ လေယာဉ်နည်းပြဟောင်း ဖြစ်သူဟာ ဩစတြေးလျမှာ ဖမ်းဆီးခံခဲ့ရပြီး အမေရိကန်ကို တရားခံလွှဲပြောင်းရေးနဲ့ ရင်ဆိုင် နေရတယ်လို့ ဩစတြေးလျတရားရုံးစာရွက်စာတမ်းနဲ့ ကုမ္ပဏီမှတ်တမ်းဖော်ပြချက်တွေအရ သိရပါတယ်။ 

ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က နယူးဆောက်ဝေးပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၁) ရက်နေ့က အသက်(၅၄) နှစ်အရွယ် ဒန်နီရယ်အက်မန်ဒူဂန်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီနေ့မှာပဲ တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တွေနဲ့ သူ့ရဲ့ရှေ့နေက အတည်ပြုထားပါတယ်။ 

ဒန်နီရယ်အက်မန်ဒူဂန်ကိုကို အာမခံပေးဖို့ ငြင်းဆိုခဲ့ပြီး အနီးနားက Bathurst အကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အမေရိကန်နိုင်ငံသားဟောင်းတစ်ဦးဖြစ်တဲ့ ဒူဂန်ကို ဖက်ဒရယ်ရဲတပ်ဖွဲ့က တရားဝင်လွှဲပြောင်း ပေးရေးလုပ်ငန်းစဉ်တွေမတိုင်ခင် အမေရိကန်ပြည်ထောင်စုရဲ့ တောင်းဆိုမှုကို လုပ်ဆောင်နေ တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါသေးတယ်။ 

ဒူဂန်ရဲ့ လာမယ့် တရားရုံးမှာ အာမခံလျှောက်ထားမှုကို ထည့်သွင်းစဉ်းစားဖို့ နိုဝင်ဘာလမှာ ဆစ်ဒနီ မှာ ပြုလုပ်မှာဖြစ်ပြီး အမေရိကန် ဖမ်းဝရမ်းအသေးစိတ်နဲ့ သူရင်ဆိုင်နေရတဲ့ စွဲချက် တွေလည်း ပါရှိတယ်လို့ သိရပါတယ်။ 

ဗြိတိန်က ထုတ်ပြန်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ စစ်ဘက်လေယာဉ်မှူးဟောင်းတွေကို တရုတ်နိုင်ငံမှာ အလုပ်မလုပ်တော့ဖို့ဒါမှမဟုတ် ဥပဒေသစ်အောက်မှာ နိုင်ငံတော်လုံခြုံရေးအရ တရားစွဲဆို ခံရနိုင်တယ်လို့ ဒီသီတင်းပတ်ထဲမှာ သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ဩစတြေးလျ တိုက်လေယာဉ်မှူးတချို့ဟာလည်း တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ချဉ်းကပ်မှုတွေရှိနေတယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး စုံစမ်းဆေးနေတယ်လို့ သိရပါ တယ်။ 

FBI က ဒူဂန်ကို တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ သတင်းရင်း မြစ်တစ်ခုက ရိုက်တာကို ပြောခဲ့ပြီး သူ့ရဲ့ ရှေ့နေတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေး ဖို့ငြင်းဆန်ထားပါတယ်။ 

ဒူဂန်ဟာ အမေရိကန်စစ်တပ်မှာ နှစ်(၂၀) ကြတာဝန်ထမ်းဆောင်ပြီးနောက် ဩစတြေးလျကို ပြောင်းရွှေ့ခဲ့ပြီး Top Gun Tasmania ဆိုတဲ့ စီးပွားရေးလုပ်ငန်းကို စတင်ကာ ကမ္ဘာလှည့်ခရီး သွားတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ ဖျော်ဖြေတင်ဆက်ဖို့ အမေရိကန်နဲ့ ဗြိတိန်စစ်လေယာဉ် မှူးတွကို ငှားရမ်းခဲ့တယ်လို့ ကုမ္ပဏီမှတ်တမ်းတွေနဲ့ လေကြောင်းသတင်းရင်းမြစ်တွေက အတည် ပြုထားပါတယ်။ 

 အမေရိကန်နဲ့ ဩစတြေးလျရဲ့ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်အရ အမေရိကန်အစိုး ရ ဟာတရားခံလွဲပြောင်းရေးတောင်းဆိုမှု ပြုလုပ်ဖို့ ရက်ပေါင်း(၆၀) အချိန်ရမှာဖြစ်ပြီး အဲ့ဒီ စာချုပ်ဟာ ဩစတြေးလျနိုင်ငံသားတွေကို လွှဲအပ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.