စင်္ကာပူ၊ အောက်တိုဘာ (၂၅)

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ဈေးကွက်တွေကို တင်းကျပ်ခြင်းနဲ့  ရေနံထုတ်လုပ်သူတွေ ရဲ့ ထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်ခြင်းကြောင့်  “ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း”   ဖြစ်ပေါ်စေနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ဥရောပကို LNG ဓာတ်ငွေ့ရည်တင်သွင်းမှု မြင့်တက်လာခြင်းနဲ့ တရုတ် လောင်စာဆီ ဝယ်လိုအားတက်လာနိုင်ချေ အလားအလာ ပြန်လည်တိုးမြင့်လာခြင်းကြောင့်  လာမယ့်နှစ်မှာ LNG ပမာဏ ကုဗမီတာ ဘီလီယံ (၂၀) သာ ဈေးကွက်ကို ရောက်ရှိလာမှာတော့မှာ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ ဈေးကွက်ကို ကျပ်တည်းစေမှာ ဖြစ်တယ်လို့ IEAရဲ့ အမှုဆောင် ဒါရိုက်တာက ရည်ညွှန်း ပြောဆိုခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ (OPEC) နဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ OPEC+ က တစ်နေ့လျှင် စည်ပေါင်း (၂) သန်း bpd အထိသာ ထုတ်လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဒါဟာ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက် လို့ IEA က ရှုမြင်ထားပါတယ်။

“ကမ္ဘာတဝှမ်းက နိုင်ငံအများအပြားရဲ့ စီးပွားရေးဟာ ဆုတ်ယုတ်မှုတွေ ကြုံလာရတဲ့အတွက် အန္တရာယ်များ ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုအကြောင်း ပြောတဲ့အခါ ဒီဆုံးဖြတ်ချက်ဟာ တကယ်ကို ကံဆိုးစေပါတယ်” လို့ သူက ဆိုပါတယ်။

စားသုံးသူတွေဟာ အစားအသောက်နဲ့ ဝန်ဆောင်မှု၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း စတာတွေကို  ကိုင်တွယ်ဖြေရှင်းနေရချိန်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး အပါအဝင် စွမ်းအင်ရင်းမြစ် အများအပြားမှာ ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်လာခြင်းဟာ အနှောင့်အယှက် ဖြစ်လာစေတာပါ။

မြောက်ကမ္ဘာခြမ်းက ဆောင်းရာသီသို့ ဝင်ရောက်လာနေချိန်မှာ မြင့်မားနေတဲ့ ဈေးနှုန်းတွေနဲ့ ခွဲတမ်းချထားမှု ဟာလည်း ဥရောပစားသုံး သူတွေအတွက် အန္တရာယ်ရှိနိုင်ပါသေးတယ်။

“ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး အံ့ဩစရာတွေ မရှိပါဘူး၊ ဥပမာ Nordstream ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ဥရောပဟာ ဒီဆောင်းရာသီကို စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ဒဏ်ရာဒဏ်ချက်များစွာနဲ့ ဖြတ်သန်းသွားရသင့်တယ်” လို့ သူက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ ရေနံအတွက် (၁.၇) သန်း bpd တိုးလာဖို့ မျှော်လင့်ထားတာကြောင့် ကမ္ဘာရဲ့ ဝယ်လိုအား ပြည့်မီဖို့ ရုရှားရဲ့ ရေနံကို လိုအပ်နေသေးကြောင်း သူက ဆက်လက် ပြောပါသေးတယ်။

မော်စကိုက သူ့ကို ဆန့်ကျင်ရန်ကြိုးပမ်းပါက ရုရှားရေနံ (၈၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ ဈေးနှုန်း ယန္တရားအပြင်ဘက်မှာ ဆက် လက် စီးဆင်းနေမယ်လို့ အမေရိကန်ဘဏ္ဍာရေးအရာရှိတစ်ဦးက ပြီးခဲ့တဲ့ သီတင်း ပတ်ထဲမှာ ပြောကြားထားတာပါ။

“ကမ္ဘာ့ဈေးကွက်ထဲကို ရုရှားရေနံတွေ စီးဆင်းဖို့ အခုထိ လိုအပ်နေသေးတဲ့အတွက် ဒါဟာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီပမာဏဟာ ဝယ်လိုအားကို ဖြည့်ဆည်းဖို့အတွက် အားတက်စရာအဆင့်ပါပဲ” IEA အကြီးအကဲက မှတ်ချက်ပြုပါတယ်။

နိုင်ငံအချို့ကတော့ စွမ်းအင်နည်းပညာတွေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ဖြေရှင်းချက်တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ဥရောပနဲ့ အခြား နိုင်ငံအများအပြားဟာလည်း ရုရှားဓာတ်ငွေ့ကို အစားထိုးဖို့အတွက် ခွင့်ပြုချက်နဲ့ လိုင်စင် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ဖြတ်တောက်ခြင်းဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲမှုကို အရှိန်မြှင့်လုပ် ဆောင် နေကြတယ်လို့ သူကပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.