မော်လမြိုင်၊ အောက်တိုဘာ ၂၅ပရီးမီးယားလိဂ်ကလပ်အသင်း အက်စတွန်ဗီလာအသင်းဟာ ဗီလာရီးရဲလ်နည်းပြဖြစ်သူ အူနိုင်းအမ်မရီကို နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ နည်းပြဖြစ်သူ စတီဗင်ဂျရတ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အူနိုင်းအမ်မရီကို နည်းပြအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အသက် ၅၀ အရွယ် နည်းပြအူနိုင်းအမ်မရီအတွက် အက်စတွန်ဗီလာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို စာချုပ်လျော်ကြေး ပေါင် ၅ သန်း ကျော်ပေးချေရမှာ ဖြစ်ပါတယ်။

နည်းပြ အူနိုင်းအမ်မရီဟာ လက်ရှိမှာတော့ အလုပ်ပါမစ်အတွက် စောင့်ဆိုင်းနေတာ ဖြစ်ပြီး အက်စတွန်ဗီလာအသင်းကို လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် ကိုင်တွယ်သွားဖို့ ရှိနေတာပါ။

နည်းပြအူနိုင်း အမ်မရီဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

နည်းပြအူနိုင်း အမ်မရီဟာ နည်းပြ သက်တမ်းတလျှောက်မှာ ဥရောပထိပ်တန်း ကလပ်အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်၊ PSG ၊ ဆီဗီလာ၊ ဗီလာရီးရဲလ် အပါအဝင် အသင်း ၈ ကိုင်တွယ်ဖူးတဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.