မော်လမြိုင် – အောက်တိုဘာ(၂၅)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစု လိုက်အပြုံလိုက်သေဆုံးခဲ့တာဟာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂကို သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

အောက်တိုဘာလ(၂၄) ရက်နေ့က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မ တီရဲ့ ဘာသာရပ်ဆိုင်မှာ ဆွေးနွေးမှုအစီအစဉ်မှာ အခြားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံတကာလုံခြုံရေး ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောချိန်မှာထည့်သွင်းပြောဆိုခဲ့တာပါ။

KIO (၆၂) နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပတဲ့နေရာကို စစ်လေယာဉ်တွေအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အနုပညာရှင်တွေ၊အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ အများ အပြား သေဆုံးခဲ့ရတာဟာ စစ်ကောင်စီရဲ့ တိုင်းရင်းသားကချင်လူမျိုးစုအပေါ်ရက်စက်ယုတ်မာ တဲ့ ကျူးလွန်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ သံအမတ် ကြီးဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုဟာ စစ်တပ်ရဲ့ တစ်ခုတည်းသော လူမဆန်ရက်စက်ယုတ်မာမှု မဟုတ်ဘဲ ပြီးခဲ့ တဲ့ လပေါင်း(၂၀) အတွင်းမှာ နိုင်ငံအတွင်းက ပြည်သူတွေအပေါ် အကြိမ်(၂၄၀) ထက်ပိုတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောပါသေးတယ်။

ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်တပ်ဟာ လက်နက်နဲ့ ဆက်စပ်နည်းပညာတွေ ဆက်လက်ရရှိနေမယ်ဆိုင်ရင် မြန်မာပြည်သူတွေနဲ့ ကလေးငယ်တွေဟာ လူမဆန်တဲ့ တိုက်ခိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခံနေရမှာဖြစ်တယ်လို့ မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ် ကို လက်နက်တွေ တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ တင်ပို့ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ပြီး မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးဖို့ သံအမတ်ကြီး ကတိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.