ရေး – အောက်တိုဘာ(၂၅)

မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းကို အောက်တိုဘာလ(၁၇) ရက်နေ့က တိုက်ခိုက်ပြီးအပြန် မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) တာဝန်ခံ ရဲဘော် သီဟနေစိုး(ခ)တိုဘီ(ခ) ကိုအဂ္ဂရဲ့ အမိန့်ပြန်တမ်းနဲ့ ဂုဏ်ပြုအခမ်းအနားကို အောက်တိုဘာလ(၂၄) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရဲဘော်သီဟနေစိုးဟာ ရေးမြို့နယ်သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး လက်နက်ကိုင်တိုက် ပွဲဝင်ချိန်မှာလည်း တော်လှန်ရေးရဲဘော်တစ်ဦးအဖြစ် ရပ်တည်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO) တာဝန်ခံ ရဲဘော်သီဟနေစိုး မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့နေ့ကို မွန်ပြည်နယ်တော်လှန်ရေးအခြေပြုတော်လှန်ရေးအဖွဲ့အစည်းရဲ့ အာဇာနည်နေ့ အဖြစ် နဲ့ အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုသတ်မှတ်တယ်လို့ ဆိုထားပါတယ်။

MSRO အဖွဲ့အစည်းဟာ တောင်ပိုင်းတိုင်း စစ်ဒေသအတွင်းမှာ ပါဝင်ပြီး ရေးဒေသတွင်းတော်လှန် ရေးအဖွဲ့ ဖြစ်တဲ့ ရေးဘီလူးအဖွဲ့နဲ့လည်း မဟာမိတ်ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.