ပခုက္ကူ – အောက်တိုဘာ(၂၄)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သား တွေကို ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲနှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၃) ရက်နေ့ မနက်ပိုင်းက ပခုက္ကူမြို့ပတ်လမ်းနဲ့ မြို့သစ်လမ်းဆုံ မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာပါ။

ဒီတိုက်ခိုက်မှုမှာ ပြည်သူတွေရဲ့ သစ်ဆွဲကားတစ်စီး မိုင်းစအနည်းငယ်ထိမှန်သွားခဲ့တဲ့အတွက် Yesagyo Revolution Group – YRG ကနေ တော်လှန်ရေးအဖွဲ့အစည်းအားလုံးကိုယ်စား တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ တက်နိုင်သလောက် ဝေးဝေးရှောင် နေလို့အတွက် လည်း သူက မေတ္တာရပ်ခံခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ကို Urban Underground Revolution Force -UURF / Shwe Nyar Myae – PDF ၊ King Cobra နဲ့ ဒေါင်းညီနောင် အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပခုက္ကူခရိုက်ထဲက ရေစကြို၊ပခုက္ကူ၊မြိုင် နဲ့ ပေါက်ဒေသတွေမှာ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ပြည်သူ (၂) သောင်းဝန်းကျင်ဟာ စစ်ဘေးရှောင်နေရ တယ် လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.