လိုင်ဇာ၊ အောက်တိုဘာ (၂၅)
နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ မဆိုင်သလို ရှောင် လွှဲ နေလို့မရသလို ရှောင်လွှဲနေမယ်ဆိုရင်လည်း ဘက် ပေါင်းစုံကနေ ကျပ်တည်းမှုကို ပိုမိုဖြစ်စေမယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာလ ၂၅ရက်နေ့မှာကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တည်ထောင်ခြင်း ၆၂နှစ် ပြည့်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြော ဆို လိုက်တာပါ။
ဒါ့အပြင် ပြည်ထောင်စုအကျိုးစီးပွား ဖြစ်ထွန်းရေးကို မျှော်ကိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီး အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းပါဝင်လာဖို့ကို ဗိုလ် ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောဆိုထားပါတယ်။
နှစ်ပေါင်း ၇၀ကျော် အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို အခုအခါ တစ်နိုင်ငံလုံး ကြုံတွေ့ခံစားနေရသလို လူများစုဖြစ်တဲ့ မြန်မာ(ဗမာ)လူမျိုးစုဟာ သမိုင်းဝင်တော်လှန် နေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဝါရင့်တော်လှန်ရေးအင်အားစုတွေက ဦး ဆောင်ပြီး နည်းလမ်းရှာ ပူးပေါင်းပါဝင်ဖို့အတွက် အရေးကြီး ဆုံးအချိန်ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်