တိုင်ပေ၊ အောက်တိုဘာ (၂၅)

ထိုင်ဝမ်ဟာ တရုတ်ရဲ့ စစ်ရေးဖိအားအကျပ်အတည်းတွေကြားထဲက စွမ်းအင်သိုလှောင်မှု တိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်။ 

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်အပြီး သြဂုတ်လမှာ တရုတ် နိုင်ငံဟာ ထိုင်ဝမ်ကိုခြိမ်းခြောက်မှုတွေလုပ်ဆောင်နေတဲ့အတွက် စိုးရိမ်မှုတွေမြင့်တက်နေတာပါ။ 

ထိုင်ဝမ်လက်ထောက် စီးပွားရေးဝန်ကြီးတစ်ဦးဖြစ်တဲ့ ဆန်ဝမ်ရှန်းက  အစိုးရအနေနဲ့ သဘာဝ ဓာတ်ငွေ့နဲ့ကျောက်မီးသွေး သိုလှောင်မှုတွေကို အရှိန်မြှင့်ဖို့လုပ်ဆောင်နေပြီး အဲဒီအခြေအနေဟာ ထိုင်ဝမ်သမ္မတရဲ့  အရေးပေါ်အခြေအနေ ကြေငြာချက်အောက်မှာကျွန်းရဲ့ခံနိုင်ရည်အားကောင်း စေဖို့တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့  ပြောခဲ့ပါတယ်။ 

“ဒီလိုဖြစ်လာတဲ့အခါ အတိုင်းအတာတစ်ခုအထိ ဖိအားတွေကို ရင်ဆိုင်နိုင်အောင် ဆောင်ရွက်နိုင် ဖို့လိုတယ်” လို့ သူကပြောပါတယ်။ 

တရုတ်ဆီကနေ နိုင်ငံစွမ်းအင်ရဲ့ ၉၈ ရာခိုင်နှုန်းလောက်တင်သွင်းနေရတဲ့အတွက် ပိတ့်ဆို့ခံရတာ နဲ့ တိုက်ခိုက်ခံရမယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ သူက ပြောခဲ့တာဖြစ်ပါ တယ်။ 

ထိုင်ဝမ်တစ်နိုင်ငံလုံးမှာ  သိုလှောင်ရုံအသစ်တွေ တည်ဆောက်နေပြီး  ဝန်ကြီးဌာနအနေနဲ့ လက်ရှိ သိုလှောင် နိုင်တဲ့ ရက်ပေါင်း ၁၁ ရက်အဆင့်ကနေ  ၂၀၃၀ ခုနှစ်မှာ သဘာဝဓာတ်ငွေ့သိုလှောင်မှု ကို ရက်ပေါင်း ၂၀  ကျော်အထိ သိုလှောင်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း သူကပြောပါသေးတယ်။ 

ရေနံစိမ်းထွက်ကုန်တွေဟာ  ရက်ပေါင်း ၁၀၀ ကျော်မှာ ဆက်လက် တည်ရှိနိုင်ပြီး လာမယ့်နှစ် တွေမှာတော့ ကျောက်မီးသွေး သိုလှောင်မှုတွေ တိုးလာမှာ ဖြစ်သလို သက်တမ်းလည်း မြင့်တက်လာမှာ ဖြစ်တယ်လို့ ထိုင်ဝမ် သမ္မတက ပြောကြားခဲ့တာပါ။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ကြေငြာခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်းအပေါ် စစ်ရေးနဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ထိုင်ဝမ်ကတော့ သူတို့ ရဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကာကွယ်သွားမယ်လို့ ဆိုထားပါတယ်။ 

ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်မှုတွေနဲ့ပတ်သက်ပြီး ထိုင်ဝမ် အာဏာပိုင်တွေ လေ့လာနေကာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ကောင်းစွာတုန့်ပြန်နိုင်မယ့် စစ်နည်းဗျူဟာတွေကိုလေ့လာနေ ပါတယ်။

ဒါ့အပြင် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့အတွက် ဂြိုလ်တုတွေအသုံးပြုတာအပါအဝင် ဗျူဟာအ မြောက်အများကို လေ့လာနေတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.