ခါဆင် – အောက်တိုဘာ(၂၅) 

ယူကရိန်း တန်ပြန်ထိုးစစ်က လွတ်မြောက်ဖို့ ထွက်ခွာလာတဲ့ ဒေသခံတွေကို ရုရှားသိမ်းပိုက်ထား တဲ့ ယူကရိန်းနိုင်ငံပိုင် ခါဆင်မြို့ကနေသူတို့ရဲ့အသက်အန္တရာယ်အတွက် ထွက်ခွာသွားကြဖို့ ရုရှား ကပြောခဲ့ပါတယ်။ 

Dnipro မြစ်အနောက်ဘက်ကမ်းမှာ နေထိုင်တဲ့ လူပေါင်း(၆) သောင်းကို တောင်ပိုင်းဒေက ရုရှားရဲ့ ကိုယ်စားလှယ်တွေက ကယ်ထုတ်ဖို့ ကြိုးပမ်းနေကြတယ်လို့လည်း သိရပါတယ်။ 

“ယနေ့အခြေအနေက ခက်ခဲပါတယ်၊ ကိုယ့်ရဲ့အသက်ကို ကယ်တင်ဖို့က အရေးကြီးပါတယ်၊ မကြာပါဘူး မင်းသေချာပေါက်ပြန်လာရမှာပါ”လို့ ရုရှားပညာရေးဝန်ကြီးကရုပ်သံမက်ဆေ့ချ် တစ်ခုမှာ ပြောခဲ့ပါတယ်။ 

ခါဆင်ဒေသဟာ ခရိုင်းမီးယားကျွန်းဆွယ်ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်ခဲ့ပြီးနောက် အဲ့ဒီနေရာဟာ ရုရှားစစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အတွက် အဓိက တံခါးပေါက်ဖြစ်တယ်လို့ သိရပါတယ်။ 

ရုရှားကျောထောက်နောက်ခံပြုထားတဲ့ အာဏာပိုင်တွေဟာ မြို့ကထွက်ခွာလိုသူတွေသိသိ သာသာ တိုးလာတဲ့အတွက် မြစ်ကိုဖြတ်ပြီး ကူးတို့သင်္ဘောတွေ ပြတ်တောက်သွားတယ်လို့ အစီရင်ခံထားကြပါတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း လူပေါင်း(၂၅၀၀၀) ကိုဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ရုရှား ဒေသဆိုင်ရာ လက်ထောက်အကြီးအကဲဖြစ်သူရဲ့ ပြောဆိုချက်ကိုကိုးကာပြီး Interfax သတင်း ဌာနက ဖော်ပြထားပါတယ်။ 

“မြို့နှင့် မြစ်ရဲ့အနောက်ဘက်ကမ်းမှလူတွေအနေနဲ့ ထွက်ခွာရန်ကျွန်ုပ်တို့ထပ်မံအကြံပြုပါတယ်” လို့ အကြီးအကဲဖြစ်သူက သူ့ရဲ့ ရုပ်သံမက်ဆေ့ချ်မှာ ထပ်မံပြောဆိုခဲ့ပါတယ်။ 

အောက်တိုဘာလ(၂၃) ရက်နေ့က မြို့တော်မှာဖောက်ခွဲရေးပစ္စည် ပေါက်ကွဲမှု တစ်ခုအတွင်း လူတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။ 

ဒီသတိပေးချက်တွေကြားက တာဝန်ရှိသူတွေက ပိုင်နက်နယ်မြေက ပြောင်းရွှေ့နေရာချထားတာ ကိုယာယီအဖြစ် ရုရှားက တရားဝင်ကြေငြာထားပြီး ကိယက်ဗ်နဲ့ အနောက်နိုင်ငံတွေက အတု အယောင်ဆန္ဒခံယူပွဲလို့ ရှုတ်ချခဲ့တဲ့ လူထုထောက်ခံပွဲပြီးနောက် တရားဝင်ကြေငြာခဲ့တာ ဖြစ်ပါ တယ်။ 

“ဟုတ်ပါတယ် ငါတို့အသက်အန္တရာယ်အတွက် ထိတ်လန့်ရပါတယ်၊ ဒါပေမယ့် အားလုံး အဆင် ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ခါဆင်က ထိန်းထားလိမ့်မယ်” လို့ မြို့ခံတစ်ဦးဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဗီရာက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.