အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးနဲ့ အကြိမ်များစွာ ပစ်ချသွားတာ PDF တွေလို့ MRTV ပြော” ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Han Nyein Oo တယ်လီဂရမ်ကနေ အောက်တိုဘာလ (၂၄ )ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

KNU နှင့် လက်အောက်ခံ PDF အဖွဲ့များ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာ MRTVနဲ့ Han Nyein Oo တယ်လီဂရမ်က ဓာတ်ပုံတွေနဲ့အတူ ဖြန့်‌ဝေရေးသားထားခြင်း ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3St9uCghttps://bit.ly/3CY9lRz

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာဖြစ်တာကို စိစစ်တွေ့ရပါတယ်။

ဖြစ်စဉ်အမှန်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၂၃ ရက်၊ ဒီကနေ့မနက်အစောကြီးမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်လို့ VOAသတင်းဌာနက သတင်းဖော်ထုတ်ရေးသားထားတာကို တွေ့ရပါတယ်။

ကော့ကရိတ် မြို့တွင်း စစ်ကောင်စီတပ် ၉၇တပ်မှ ပစ်ခတ်သည့် မော်တာကျည်များမြို့တွင်း လူနေရပ်ကွက်များပေါ် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိကြောင်းကနဦးသိရပြီး လေကြောင်းမှ ကရင်ဒေသခံများနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများဘက်အထိ တိုက်လေယာဉ်ဖြင့် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန Karen Information Center က သတင်းရေးသားထားတာ တွေ့ရပါတယ်။

Karen Information Center ဖော်ပြချက်လင့်

https://bit.ly/3smwLej

VOAသတင်းဌာနရဲ့ သတင်းဖော်ပြချက်လင့်

https://bit.ly/3VSVjct

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးနဲ့ အကြိမ်များစွာ ပစ်ချသွားတာ PDF တွေလို့ MRTV ပြော“ ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ကာ ဖြန့်‌ဝေနေသတင်းအမှား တခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.