ဘားအံ – အောက်တိုဘာ(၂၄)

ကရင်ပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါင်းစည်းမှ စစ်ကောင်စီကို ထိထိရောက် ရောက် တိုက်ခိုက်နိုင်မှာဖြစ်တဲ့အတွက် ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်လို့ ကော်သူးလေတပ်မတော် ခေါင်းဆောင်စောနယ်ဒါးမြက ထုတ်ပြန်ခဲ့ပါတယ်။

ကော်သူးလေ တပ်မတော်အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တဲ့ အတွက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံးရှိသင့်တဲ့ အချိန်ဖြစ်တယ်လို့ သူက ပြောခဲ့တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုအပေါ် မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို မြို့တွင်းမှာသာမက ကျေးလက်ဒေသတွေအထိ လုပ်ဆောင်နေတဲ့ အတွက် ပြည်သူတွေကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဒါ့အပြင် မြို့ပြတိုက်ပွဲတွေမှာ ပြည်သူလူထုကို ကာကွယ်ဖို့ ဦးစားပေးအဓိကလုပ်ဆောင်နေတဲ့ အတွက် ပြည်သူလူထု အနေနဲ့ ကော်သူးလေတပ်မတော်သားတွေအတူတကွ ပူးပေါင်းမှ စစ်ကောင်စီ ကို အမြစ်ပြတ်ချေမှုန်းဖြုတ်ချနိုင်မှာဖြစ်တယ်လို့ ကော်သူးလေစစ်ဦးစီချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို KNDO စစ်ဦးစီးချုပ်တာဝန်ကနေ KNU ဗဟိုက ရပ်ဆိုင်းလိုက်ပြိးနောက် ဇူလိုင်လ (၁၆) ရက်နေ့မှာ ကော်သူးလေတပ်မတော်ကို စတင် တည်ထောင်ခဲ့ပြီး အဲ့ဒီလို တည်ထောင်တာကိုအသိအမှတ်မပြုဘူးလို့ KNU ကကြေညာထားပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းမှာ KNU/KNLA၊ DKBA၊ KNLA/PC စတဲ့ လက်နက်ကိုင်အဖွဲ့ တွေလှုပ်ရှားနေကြတာဖြစ်ပါတယ်။

ကော်သူးလေ တပ်မတော် ခေါင်းဆောင်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ KNU ဗဟိုကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.