ရန်ကုန် – အောက်တိုဘာ(၂၄)

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် က အမှတ်(၂) ကမာကြည်တံတားပေါ်ကနေ အသက်(၂၀) ဝန်းကျင် အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ခုန်ချခဲ့လို့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

တောင်ဒဂုံမြို့နယ်နဲ့ သာကေတမြို့နယ်ကို သွယ်တန်းထားတဲ့ အမှတ်(၂) ကမာကြည်တံတားပေါ်က နေ ငမိုးရိပ်ချောင်းထဲကို ဒီနေ့ အောက်တိုဘာလ(၂၄) ရက်နေ့ မနက်(၉) နာရီလောက်က ခုန်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ခုန်ချသွားတဲ့အမျိုးသမီးကို ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး ငမိုးရိပ် ချောင်းဟာ ရေစီးသန်တဲ့အတွက် ရှာဖွေဖို့ အခက်အခဲဖြစ်နေတယ်လို့ လူမှုကူညီရေးအသင်း တာဝန် ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင်တံတားပေါ်က ခုန်ချသွားတဲ့ အမျိုးသမီးရဲ့ နေရပ်လိပ်စာနဲ့ အချက်အလက်တွေကို အခုချိန်ထိ မရရှိသေးဘူးလို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၄) ရက်နေ့ကလဲ သာကေတမြို့နယ် ကမာကြည်တံတားပေါ်ကနေ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦး ခုန်ချပြီး အဆုံးစီရင်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးအခက်အခဲနဲ့ အလုပ်အကိုင်အခွင့် အလမ်းအခက်အခဲတွေကြောင့် ပြည်သူတွေဟာ မကြာခဏ ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.