လန်ဒန် – အောက်တိုဘာ(၂၃) 

ဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆင်ဟာ ရာထူးက နုတ်ထွက်ပြီးနောက် နိုင်ငံရေးလောကကို ပြန်လည်ခြေချနိုင်ဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ လုပ်ဆောင်နေမှုဟာ နိုင်ငံရေးမငြိမ်မသက်မှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ရာထူးက နုတ်ထွက်ခဲ့တဲ့ ဝန်ကြီးချုပ် လစ်ထရက်စ်နေရာမှာ အစားထိုးမယ့် အလားအလာရှိနေတဲ့ ကိုယ်စားလှယ်ဟောင်းတွေအနေနဲ့ အောက်တိုဘာလ(၂၄) ရက်နေ့မှာ နောက်ဆုံး အမည်စာရင်းတင်သွင်းရမှာဖြစ်တဲ့အတွက် စည်းရုံးမှုတွေလုပ်ဆောင်နေပြီ ဖြစ်တယ် လို့ သိရပါတယ်။ 

လစ်ထရက်စ် နုတ်ထွက်ချိန်မှာ ဂျွန်ဆင်ဟာ သူ့ရဲ့နေရာအတွက် မှတ်ချက်တစုံတရာ မပေးခဲ့ သလို ကွန်ဆာဗေးတစ်လွှတ်တော်အမတ်ဒါဇင်ပေါင်းများစွာရဲ့ ထောက်ခံမှုကို ရရှိထားပေမယ့် အမည်စာရင်းတင်သွင်းဖို့ ထောက်ခံသူ (၁၀၀) ဦးကို ရယူဖို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ကုန်သွယ်ရေးဝန်ကြီး ဂျိမ်းစ်ဒက်ထရိုက်က ဂျွန်ဆင်အနေနဲ့ ဝန်ကြီးချုပ်နေရာအတွက် အဆင် သင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။ 

ဘောရစ်ဂျွန်ဆင်ဟာ ဗြိတိန်ကို သွားမယ့်လေယာဉ်ပေါ်က ခရီးသည်တချို့ရဲ့ ကဲ့ရဲ့တာကို ခံခဲ့ရ တယ်လို့ လန်ဒန်ကိုရောက်ရှိလာတဲ့ လေယာဉ်ပေါ်မှာပါလာတဲ့ Sky News သတင်းထောက်တစ်ဦး ကပြောပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဟောင်း ပန်နီ မော်ဒေင့်က ကွန်ဆာဗေးတစ်ပါတီရဲ့ နောက်လာမယ့် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံဖို့ တရားဝင်ကြေညာတဲ့ ပထမဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့ပြီး ဂျွန်ဆင်နဲ့ ရီရှီဆွန်နက်တို့က လာမယ့် သီတင်းပတ်မှာ မဲပေးဖို့ အလားအလာရှိတဲ့ ပြိုင်ဘက်တွေကို ဦးဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အစိုးရအဖွဲ့ကို ပြန်လည်ရောက်ရှိလာနိုင်တဲ့ ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ်ပါတီဝင်တွေအတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပြီး ခြောက်နှစ်တာကာလအတွင်း ဝန်ကြီးချုပ်လေးဦးကို ဖြုတ်ချခဲ့ ပြီးနောက် သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာခဲ့တာပါ။ 

ကွန်ဆာဗေးတစ်လွှတ်တော်အမတ်တချို့အတွက် ဂျွန်ဆင်ဟာ သူ့ရဲ့ ကျော်ကြားမှုတွေနဲ့သာမက သူ့ရဲ့ တက်ကြွ အကြောင်းမြင်ဝါဒနဲ့ နိုင်ငံတစ်ဝှမ်းမှာ မဲအောင်နိုင်မယ့် ကိုယ်စားလှယ်တစ်ဦး ဖြစ်တယ်လို့ ဆိုကြပါတယ်။ 

ဒါပေမယ့် တခြားသူတွေအတွက် သူဟာ အဆိပ်အတောက်ဖြစ်စေတဲ့ အခြေအနေဖြစ်ပြီး သူ့ကို စွန့်လွှတ်ခဲ့တဲ့ လွှတ်တော်အမတ်တွေဟာ ပါတီကိုပေါင်းစည်းပြီး အနိုင်ရသူအဖြစ် ယုံကြည်မှု ပေးနိုင်မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.