ပေကျင်း – အောက်တိုဘာ(၂၃) 

တရုတ်နိုင်ငံရဲ့ ငါးနှစ်တာ ကွန်မြူနစ်ပါတီကွန်ဂရက်ဟာ အောက်တိုဘာလ(၂၂) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး သမ္မတ ရှိီကျင်းဖျင်ဟာ တတိယအကြိမ်အာဏာကို စံချိန်တင်ရရှိနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။ 

ဘေဂျင်းမြို့ ပြည်သူ့ခန်းမဆောင်မှာ ပိတ်ပွဲအခမ်းအနားကို ပါတီကိုယ်စားလှယ်(၂၃၀၀) နဲ့ သီတင်းတပတ်ကြာ တွေ့ဆုံမှုအပြီးမှာ ကြိုတင်ဆုံးဖြတ်ထားနိုင်ဖွယ်ရှိတဲ့ ပါတီထိပ်ပိုင်းခေါင်း ဆောင် အပြောင်းအလဲတွေကို အတည်ပြုသွားမှာပါ။

ပါတီ အကြီးတန်းအရာရှိအများစုရဲ့ အဖွဲ့ဝင် (၂၀၀​) ပါဝင်တဲ့ အသစ်ရွေးချယ်ခံရတဲ့ ဗဟိုကော် မတီ  ပထမဆုံးအစည်းအဝေးအပြီး မကြာခင် အထွေထွေအတွင်းရေးမှူးအဖြစ် သမ္မတရှီ က မျှော်လင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

သမ္မတရှီကျင့်ဖျင်ဟာ လာမယ့်နှစ် မတ်လမှာ အစိုးရရဲ့ နှစ်စဉ်လွှတ်တော်အစည်းအဝေးတွေ မှာ တတိယအကြိမ်မြောက်တရုတ်သမ္မတ အဖြစ်ကြေညာမှာဖြစ်တယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံရဲ့ သမ္မတသက်တမ်း(၂) ကြိမ်သာထမ်းဆောင်ခွင့်ရမယ့် ဥပဒေကို ရှီက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး အကန့်အသတ်မရှိအုပ်ချုပ်နိုင်မယ့် လမ်းကြိုခင်းထားတာပါ။ 

လာမယ့် သီတင်းပတ်ကုန်မှာ ဗဟိုကော်မတီအသစ်မှာ အဖွဲ့ဝင်(၂၅) ဦးပါ ပေါ်လစ်ဗျူရိုအပြင်လူ (၇) ဦးပါဝင်တဲ့ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီကို အပြောင်းအလဲလုပ်ဖို့အတွက် ဗဟိုကော်မ တီ အသစ်ကိုလည်း အတည်ပြု ပေးမှာဖြစ်တယ်လို့သိရပါတယ်။ 

ကွန်ဂရက်ဖွင့်ပွဲအခမ်းအနားမှာ ရှီဟာ ပါတီရဲ့ အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး သူ့ရဲ့ ပြင်းထန်တဲ့ ကိုဗစ်-သုည မူဝါဒကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ စီးပွားရေးရပ်တန့်ခဲ့မှုတွေ၊ ပြည်တွင်းပြဿနာတွေအပါအဝင် အလုပ်အစီရင်ခံစာကို (၁၀၅) မိနစ်ကြာ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ 

“လေပြင်းတိုက်ခတ်မှု၊ လှိုင်းထန်မှုတွေနဲ့ အန္တရာယ်ရှိတဲ့ မုန်တိုင်းတွေကိုတောင် ခံနိုင်ရည်ရှိဖို့ အဆင်သင့်ဖြစ်ရမယ်” လို့ သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာ အခင်းအကျင်းမှာ ပြင်းထန်တဲ့အပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရသလို ပြင်ပကခြိမ်းခြောက်မှု၊တာဆီးမှုတွေအပြင် တရုတ်နိုင်ငံဟာ အမျိုးသားအကျိုးစီးပွားကို ဦးစားပေး ထားခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ရှီဟာ ဟောင်ကောင်ရဲ့ လျော့ရဲတဲ့ အုပ်ချုပ်မှုကနေ အသွင်ကူးပြောင်းမှုကို ချီးကျူးခဲ့ပြီး ကိုင်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ဖို့ အင်အားအသုံးပြုမှုကို ဘယ်သောအခါမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ သတိပြုခဲ့ပြီး လုံခြုံရေးကိုလည်း အဓိက အာရုံစိုက်ဖို့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ 

“ပါတီ၊ သူ့ရဲ့ခေါင်းဆောင်မှုနှင့် အတွေးအခေါ်များကို မြှင့်တင်ရန်နှင့် ချဲ့ထွင်ရန် ဂရုတစိုက် ဇာတ်ညွှန်းရေးထားသော ဒရာမာတစ်ခုသာ ဖြစ်တယ်” လို့ ဟောင်ကောင်တက္ကသိုလ် တရုတ်မီဒီယာပရောဂျက်အယ်ဒီတာ ဒေးဗစ်ကပြောခဲ့ပါတယ်။ 

ဒီသီတင်းပတ်အတွင်း ကွန်ဂရက်လွှတ်တော်ဟာ မော်စီတုန်းနောက်ပိုင်း တရုတ်နိုင်ငံရဲ့ အာဏာ အရှိဆုံးခေါင်းဆောင်အဖြစ် ရှီရဲ့ ရာထူးကို ပိုမိုခိုင်းမြဲစေမှာဖြစ်ပြီး သူ့ရဲ့ တတိယသက်တမ်း အတွက် ပြန်လည်ခန့်အပ်ခံရဖို့ သေချာသလောက်ရှိတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ 

ဒါပေမယ့် အသက်(၆၉) နှစ်ရှိပြီဖြစ်တဲ့ ရှီဟာ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီမှာ ဆက်ခံမယ့် အလားအလာရှိတဲ့နေရာကို ခန့်အပ်မှာဖြစ်ပြီး သူ့ရဲ့ လက်မှတ်ပါ နိုင်ငံရေးခံယူချက်ပုံစံကို အင်အား (၉၆) သိန်းရှိတဲ့ ပါတီရဲ့ ပဋိဉာဉ်မှာ ထည့်သွင်းထားတာအပါအဝင် အဓိက မေးခွန်း တချို့မှာတော့ မဖြေရှင်းနိုင်သေးဘဲ တည်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.