အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်၊ မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ စီမံဆောင်ရွက်နေပြီ ဖြစ်ကြောင်းနဲ့ နိုင်ငံရေးစီးပွားရေးကလည်း ပြန်လည် ဦးမော့လာတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က မော်လမြိုင်ခရီးစဉ်မှာ ပြောဆိုသွားပါတယ်။

စစ်ခေါင်းဆောင် ပြောတဲ့ မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းစီမံကိန်းဟာ လက်တွေ့ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်မလား။ ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ ဘယ်အရာတွေက အဓိက စိန်ခေါ်မှု ဖြစ်နေလဲ။ အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက ဘယ်လိုတွေ ဆက်ရှိနေမလဲဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက် ပြီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်ခေါင်းဆောင်က မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ စီမံဆောင်ရွက်နေပြီလို့ ပြောသွားတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

အဲဒါကတော့ အကောင်အထည်ဖော်နေတော့ ဒါကတော့ ဖြစ်မှာပေါ့လေ။ ဒါပေမယ့် ဖြစ်ဖို့ကတော့ ကျွန်တော်တစ်ဦးတည်း အမြင်အနေနဲ့ကတော့ မလွယ်ဘူးပေါ့နော်။ မဖြစ်နိုင်ဘူးပေါ့လေ။ တကယ့် စီးပွားရေးအရရော အခြေအနေကမပေးနိုင်ဘူး။ လုပ်နိုင်တဲ့အနေအထားကတော့ မရှိဘူးလို့ပဲမြင်တာပေါ့နော်။ အတော်များများကတော့ ဒါကတော့အပြောလောက်ပဲ ရှိတဲ့ သဘော အနေနဲ့ လက်ခံတာပေါ။ တကယ့်လက်တွေ့ကတော့ မဖြစ်နိုင်ဘူးပေါ့လေ။ ဖြစ်ဖို့ကတော့ အခြေအနေကမရှိနိုင်ဘူး  ပေါ့။ 

-မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ ဘယ်အရာ တွေက အဓိက စိန်ခေါ်မှု ဖြစ်နေလဲ။

ဒီဟာက တကယ့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းဖြစ်ဖို့ကတော့ သူ့ရဲ့ရင်းနှီးမြှပ်နှံမှုတွေ အများကြီးရှိတာပေါ့။ ဒီမှာဒေသရဲ့ လိုအပ်ချက၊ စီးပွားရေးအရ တွက်ခြေကိုက်မှုမှာ အင်မတန်နည်းတာပေါ့လေ။ အဲဒါကတစ်ချက်ရယ်၊ နောက်နိုင်ငံ့ စီးပွားရေးအနေ နဲ့ စီးပွားရေးအလားအလာကေ ကာင်းမှမကောင်းသေးတာ။ တကယ့် လူနေမှုဘဝလက်ရှိ ရှိနေတဲ့စီးပွားရေးတောင်မှ လည်ပတ် နိုင်ဖို့က တော်တော်လေး ရုန်းကန်နေရတဲ့ အနေအထားရှိနေတယ်လေ။ အဲဒါက စီးပွားရေးအရလည်း ဖြစ်နိုင်ချေက အတော် လေး နည်းတာပေါ့။ နောက်ဆိပ်ကမ်းပိုင်း ပေါ့လေ။ ဆိပ်ကမ်းပိုင်းဆိုတာက သိသလောက် လျာထားတာက မုဒုံနားက နေရာပေါ့ နော်။ မုဒုံနားက နေရာအနေအထားဆိုရင် တော်တော်လေးကိုခက်ခက်ခဲခဲ လေးလုပ်ရမယ့် သဘောရှိတာပေါ့ လေ။

မြစ်ကြောင်း ကျဉ်းတာရယ်၊ အနည်ပို့ချတဲ့ အနေအထားတွေက များတဲ့အတွက်ကြောင့် ဥပမာ_ သင်္ဘောနှစ်သောင်းလောက်၊ သုံးသောင်းလောက် ဝင်နိုင်ဖို့ကတော့ လုပ်ရမယ့်အနေအထား ရှိတာပေါ့လေ။ ဖြစ်လာမယ်ဆိုရင်တော့ ရေနက်ဆိပ်ကမ်းက ကျွန်တော်တို့ ဒေသအတွက် အများကြီးအကျိုးရှိတာပေါ့လေ။ ဒါပေမယ့်လုပ်နိုင်တဲ့ အနေအထားရော နိုင်ငံ တော်ကအကုန်အကျ ခံနိုင်မလားဆိုတာတော့ ယုံကြည်မှုကတော့ တအားနည်းတာပေါ့လေ။ ကျွန်တော်တို့ ဒေသဖွံဖြိုးဖို့ကတော့ ကြိုဆိုတာပေါ့လေ။ ဖြစ်နိုင်ချေကတော့ ခုနက အားနည်းချက်တွေ အများကြီးမြင်ရတာပေါ့လေ။ အဓိကက လုပ်ရတာက အများကြီးဖြစ်သွားပြီးတော့ လုပ်နိုင်တဲ့အခြေအနေက အများကြီးယုံကြည်မှု မရှိဘူးပေါ့လေ။

-ဆိုတော့ စစ်ခေါင်းဆောင်က နိုင်ငံရေးစီးပွားရေး ပြန်လည် ဦးမော့လာတယ်လို့ ပြောလာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။ မြေပြင်မှာ စီးပွားရေးလုပ်ငန်းတွေ ဘယ်လို အခက်အခဲတွေနဲ့ ဆက်လက် ရင်ဆိုင်နေရလဲ။

ဒီလိုပြောရအောင် ကျွန်တော်တို့မှာက အချက်အလက်တွေက မရှိသေးဘူးပေါ့လေ။ ကျွန်တော်တို့ရဲ့ လက်တွေ့လုပ်နေတဲ့ အနေ အထားပေါ်မှာ အချက်အလက်နဲ့ ထောက်ပြစရာမရှိဘူးပေါ့လေ။ ကောင်းလာတဲ့ အနေအထားပေါ်။ ကောင်းလာတယ် ဆိုတာက ပြီးခဲ့တဲ့ တစ်နှစ်နဲ့ ဒီအချိန်ဆိုရင်တော့ နည်းနည်းတော့ သက်သာလာတယ်တော့ ပြောလို့ရတယ်။ တချို့အချက်တွေက ပြောလို့ရ တယ်။ ဒါပေမယ့် ၂၀၁၉နဲ့ စာရင်တော့ အများကြီးလိုသေးတာပေါ့။ ယှဉ်လိုက်လို့ရှိရင်ပေါ့။ အများကြီး လိုအပ်ချက်ရှိ သေးတာပေါ့ လေ။ မကောင်းသေးဘူးပေါ့။ ဟိုတုန်းလောက်ကတော့ မကောင်းနိုင်ဘူး။ မကောင်းလာသေးဘူး ပေါ့လေ။

-နောက်ဆုံးအနေနဲ့ စစ်ခေါင်းဆောင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ MSME ကဏ္ဍကို အဓိကကူညီပေးနေတယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးလိုပါသလဲ။

အောက်ခြေမှာတော့ ဘာမှထိရောက်မှုမရှိဘူး။ ဘာမှအကျိုးရှိလာတာတော့ မရှိဘူး။ ဥပမာ – ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းမှာ ရှိနေတဲ့ လာဘ်စားမှုတွေ နောက်ရုံးရဲ့ လုပ်ထုံးလုပ်နည်း ကြန့်ကြာမှုတွေ အခက်အခဲတွေကလည်း ဖြစ်ဖြစ်ပေါ့လေ။ ဘယ်ဟာမှ သက်သာလာတာ ကောင်းမွန်လာတာ မရှိသေးဘူး။ အခု လက်ရှိအနေအထားအရပေါ့ ဘယ်အချက်မှာမှ မပေးနိုင်သေးဘူးပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.