ရန်ကုန် – အောက်တိုဘာ(၂၂)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားမှာ လိင်ဖျော်ဖြေရေး အရုပ်မ(၂) ခုကို မယ်တော်ကြီး လို့အမည်တပ်ပြီး ကန်တော့ခိုင်းနေတဲ့ ဘိုးတော်ဆိုသူကို ဗဟန်းရဲစခန်းမှာ အမှုဖွင့်အရေးယူထား တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သံလွင်တိုင်မ်းကိုပြောပါတယ်။

အင်းဝိဇ္ဇာဓိုရ် ဆိုသူက တစ်ရုပ်ကို အမေရိကန်ဒေါ်လာ (၂၄၀၀) တန် တရုတ်ထုတ် လိင်ဖျော်ဖြေ ရေး အရုပ်(၂) ရုပ်ကို မြန်မာအဝတ်အစားတွေဝတ်ပေးပြီး ရွှေတိဂုံစေတီကားပါကင်မှာ ရင်ငွေ့လှုံ အသက်သွင်းတယ်ဆိုပြီး ဘုရားဖူးတွေကို ကန်တော့ခိုင်းတာတွေပြုလုပ်ခဲ့တာပါ။

“ ဂေါပကမှတရားလိုပြုလုပ်တရားစွဲဟု ကနဦးသတင်းရ လောလောဆယ်ဗဟန်း စခန်းမှာ ရောက်နေပြီ တခြားတော့ ပြောလို့မရသေးဘူး” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အမည်မဖော်လိုသူ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တရုတ်နိုင်ငံထုတ်လိင်ဖျော်ဖြေရေး အရုပ်တွေကို မယ်တော်ကြီးလို့ အမည်တပ် ကန်တော့ နေတဲ့ အတွက် သာသနာညိုးနွမ်းစေတဲ့အပြင် အများအမြင်လည်း မတင့်တယ်ဘူးလို့ လူမှုကွန်ယက်စာ မျက်နှာမှာ ဝေဖန်မှုတွေရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်း သာသနာရေးဦးစီးဌာန က တာဝန်ရှိသူတွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.