ကီးယက် – အောက်တိုဘာ(၂၂) 

ယူကရိန်းက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် အီရန်စစ်တပ်လေ့ကျင့်ရေးမှူးတွေက ရုရှား တပ်ဖွဲ့ဝင်တွေကို ကူညီပေးနေတဲ့အတွက် တင်းမာမှုတွေ တိုးမြင့်လာတဲ့ စစ်ပွဲတစ်ခုမှာ စိုးရိမ် ဖွယ်အခြေအနေတစ်ခုကို ထပ်ပေါင်းထည့်လိုက်တာဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။ 

စစ်ပွဲစတင်ချိန်ကစပြီး ယူကရိန်းမှာ ဓာတ်အားပြတ်တောက်မှု ပထမနေ့ကို ကျော်ဖြတ်ခဲ့ရပြီး ဆောင်းရာသီ နီးကပ်လာတာကြောင့် ပျက်စီးနေတဲ့ စွမ်းအင်စက်ရုံတွေကို ပြန်လည်ပြုပြင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

“ခရိုင်းမီးယားမှာ အခြေစိုက်တဲ့ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ အီရန် UAV တွေကို စမ်းသပ် နေခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ မကြာသေးခင် ရက်ပိုင်းအတွင်းက ကိယက်ဗ်ကို တိုက်ခိုက်မှုတွေ အပါအဝင် အရွေ့အပြောင်းတွေ လုပ်ဆောင်ဖို့ အသုံးပြုနေတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ နတ်ဒ်ပရိုက်စ် ကသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။ 

ဒါ့အပြင် အီရန် စစ်ဘက်အရာရှိတွေဟာ ခရိုင်းမီးယားက မြေပြင်မှာ ရှိနေပြီး စစ်ဆင်ရေးတွေမှာ ရုရှားကို ကူညီတာတွေလုပ်ဆောင်နေတာတွေရှိတယ်လို့ ဆိုခဲ့ပြီး ခိုင်လုံတဲ့အချက်အလက်တွေ ရှိနေပေမယ့် သက်သေပြလို့တော့မရသေးဘူးလို့ ပြောပါသေးတယ်။ 

ရုရှားဟာ ခရိုင်းမီးယားကို ယူကရိန်းဆီကနေ ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့ပြီး တောင်ပိုင်းကျွန်း ဆွယ်ကို စစ်သားတွေအတွက် လေ့ကျင့်ပေးဖို့နဲ့ အိမ်နီးချင်းတွေကို ကျူးကျော်ဖို့ တစ်စိတ် တစ်ပိုင်း အဖြစ်ဆိုဗီယက်ခေတ် စစ်အခြေစိုက်စခန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

အီရန်က အမေရိကန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး လူသိရှင်ကြားတုံ့ပြန်ခဲ့တာမရှိပေမယ့် မောင်းသူမဲ့လေယာဉ်တွေဟာ အီရန်နိုင်ငံထုတ်မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ယူကရိန်းမှာ အီရန်မောင်းသူမဲ့ လေယာဉ်တွေအသုံးပြုတာကို ရုရှားကလည်း ငြင်းဆိုထားပါတယ်။ 

အမေရိကန်အနေနဲ့ ရုရှားကို အီရန်ရဲ့ ခဲယမ်းတွေထောက်ပံ့မှုကို ဖော်ထုတ်ဖို့ ဟန့်တားဖို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့အပါအဝင် ပိတ်ဆို့အရေးယူမှုနည်းလမ်းအားလုံးကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက သတင်းထောက် တွေကိုပြောခဲ့ပါတယ်။ 

ရုရှားနဲ့ အီရန်တို့ဟာ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကို ထောက်ခံသူတွေဖြစ်ပြီး (၁၁) နှစ်ကြာဆီးရီးယား ပြည်တွင်းစစ်မှာလည်း ပါဝင်ခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

“အီရန်နဲ့ ရုရှားတို့ ကမ္ဘာကို လိမ်လည်နိုင်တယ် ဒါပေမယ့် အမှန်တရားကို ဖုံးကွယ်ထား လို့မရပါ ဘူး၊ တကယ်တော့ တီဟီရန်ဟာ အခု မြေပြင်မှာ တိုက်ရိုက်ပါဝင်နေတယ်” လို့ ခါဘီက ပြောပါတယ်။ 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အစ္စရေးဝန်ကြီးချုပ်တို့က ဝေဟင် ဒုံးကျည်ကာကွယ်ရေးစနစ် တွေနဲ့ နည်းပညာဆိုင်ရာ တောင်းဆိုချက်တွေအပေါ် အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ လူမှုကွန် ရက်စာမျက်နှာတွေမှာ ဖော်ပြထားပြီး အီရန်နဲ့ ရုရှားကြားစစ်ရေးအရ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး အစ္စရေး ခေါင်းဆောင်က စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.