မော်လမြိုင်၊ အောက်တိုဘာ ၂၂

ပရီးမီးယားလိဂ်ကလပ်အသင်း အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက နောက်ခံလူ ဂါဘရီယဲလ်ကို ၂၀၂၇ ခုနှစ်ထိ သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ် ထပ်မံချုပ်ဆိုလိုက်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘရားဇီလ်နောက်ခံလူ ဂါဘရီယဲလ်ဟာ အခုဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့အတွက် အာဆင်နယ်အသင်းက နှစ်ရှည် စာချုပ် ချုပ်ဆိုလိုက်တာပါ။

ဂါဘရီယဲလ်ကလည်း အာဆင်နယ်အသင်းနဲ့ နှစ်ရှည် စာချုပ် ချုပ်ဆိုရတဲ့အတွက် အရမ်းပျော်ရွှင်မိကြောင်းနဲ့ အနာဂတ်မှာ အသင်းအတွက် ဆုဖလားတွေ ရယူချင်တယ်လို့ ပြောပါတယ်။

ဂါဘရီယဲလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလတုန်းက ပြင်သစ်လီဂူးကလပ်အသင်း လိုင်လီအသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဂါဘရီယဲလ်ဟာ လက်ရှိမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၈၂ ပွဲထိ ကစားပေးထားသလို သွင်းဂိုး ၉ ဂိုး သွင်းယူပေးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – TRENDING

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.