ဘူးသီးတောင် – အောက်တိုဘာ(၂၀)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စုက အသက်(၃၀) အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်(၂) ဦးက လက်နက်အားကိုးနဲ့ အဓမ္မပြုကျင့် ခဲ့တဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က သတင်း ထုတ်ပြန်ထားပါတယ်။

အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ရဲဘော်အဆင့်ရှိသူနှစ်ဦးကို ထောင်ဒဏ် အပြင် ကြိမ်ဒဏ်ကြီး အချက်(၃၀) ကိုပါ ချမှတ်ကာ ကြိမ်ဒဏ်စီရင်ပြီးဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁) ရက်နေ့ နေ့လည်(၁) နာရီခွဲမှာ ရက္ခိုင့်တပ်တော်က တပ်သားအဆင့် ရှိရဲဘော်(၂) ဦးဟာ ဘူးသီးတောင်မြို့နယ်၊ကျောင်းတောင်ကျေးရွာအုပ်စုက အသက်(၃၀) အရွယ်အ်ိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို သူ့ရဲ့နေအိမ်မှာ လက်နက်အားကိုး ပြီးအဓမ္မကျူးလွန်ခဲ့တာဖြစ်တယ်လို့ နစ်နာသူအမျိုးသမီးက တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ဒီလိုတိုင်တန်ခဲ့တဲ့အတွက် ရက္ခိုင့်တပ်တော်က စစ်ခုံရုံးဖွဲ့ပြီး ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူမိသားစု၊အခင်းဖြစ်ပွားရာ ပတ်ဝင်းကျင်က သက်သေတွေကို ဆယ်ရက်ကြာ စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူ(၂)ဦးလုံးက ခွင့်ပြုချက်မရဘဲ အရင်သေစာသောက်စား မူးယစ်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဝန်ခံထွက်ဆိုတဲ့အတွက် ပြစ်ဒဏ်အသီးသီးချမှတ် ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြစ်မှုကျူးလွန်လဲ့တဲ့ တပ်သား(၂) ဦးကို ဒီနေ့ အောက်တိုဘာလ(၂၀) ရက်နေ့မှာ တပ်တော်ရဲ့ စစ်ဥပဒေတွေနဲ့ အညီ သူတို့ရဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို နစ်နာခဲ့ရတဲ့ မိသားစုဝင် တွေ၊ကျေးရွာခေါင်းဆောင်တချို့နဲ့ ဘာသာရေးခေါင်းဆောင်တချို့ရှေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်သူ့အစိုးရဟာ အာရက္ခဒေသအတွင်း တရားမျှတ၊ပြည်အာရက္ခ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ အာရက္ခပြည်သူတွေအတွက် တရားမျှတမှုရရှိရေးကြိုးပမ်းဆောင်ရွက်နေပြီး ပြစ်မှုကျူး လွန်တဲ့ ဘယ်သူ့ကိုမဆို ကျောသားရင်သား၊ လူမျိုး၊ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စီရင်ဆောင်ရွက်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရက္ခိုင့်တပ်တော်(AA) ပုံအဟောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.