ရန်ကုန် – အောက်တိုဘာ(၂၁)

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ သားဖြစ်သူဆီကို ထောင်ဝင်စာသွားတွေ့တဲ့ အချိန်မှာ အင်စိန်ထောင်ပါဆယ်ပို့တဲ့ဌာနမှာ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတဲ့ ဗကသ ကျောင်းသားဟောင်း ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်းရဲ့ မိခင် ဒေါ်ကြီးမြင့် ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ကျီစုသုသာန်မှာ ကျင်းပခဲ့ပါတယ်။

ပုဒ်မ၅၀၅(က) နဲ့ အမူရင်ဆိုင်နေရတဲ့ ကိုလင်းထက်နိုင်(ခ) ကိုဂျိန်းဟာ သူ့မိခင်ရဲ့ဈာပနအခမ်းအနား မှာ ကန်တော့ခွင့်ရဖို့ ထောင်အာဏာပိုင်တွေကို ခွင့်တောင်းခဲ့ပေမယ့် ပယ်ချခံထားရတယ်လို့ မိသားစု နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.