ဂျာကာတာ၊ အောက်တိုဘာ (၂၁)

အင်ဒိုနီးရှားမှာ ကလေးငယ် ၉၉ဦးဟာ အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည် သောက်သုံးခဲ့မိပြီး ကျောက်ကပ်ပျက်မှုဖြစ် ပွားပြီး သေဆုံးခဲ့ရတဲ့ အတွက် ချောင်းဆိုးပျောက်ဆေးရောင်းချမှု အားလုံးကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။

နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ (၁၉) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့  တားမြစ်ချက်မှာတော့   အဆိပ်အ တောက်ဖြစ်စေပြီး မှတ်ပုံမတင်ထားတဲ့ ဆေးရည်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြီး‌မြောက်တဲ့ အထိ အဲဒီတားမြစ်ချက် အမိန့် တည်မြဲမယ်လို့ ထုတ်ပြန်ထားတာပါ။

အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အသက် ၆ နှစ်အောက် ကလေးတွေမှာ ကျောက်ကပ်ပြင်း ထန်စွာ ထိခိုက်ပြီး သေဆုံးသွားတဲ့ကလေးငယ် ၉၉ဦးရှိပြီး ဆေးကုသနေဆဲ  ၂၀၆ ဦးတို့ကို စောင့်ကြည့်မှုတွေပြုလုပ် နေပြီး လူပေါင်းများစွာကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

“သတိပေးချက်ကတော့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဒီ ဆေးရည်တွေကို  သုံးစွဲဖို့ မညွှန်းဆိုမိဖို့  သတိပေး တောင်း ဆိုထားပါတယ်။ စုံစမ်းစစ်ဆေးမှု ပြီးမြောက်တဲ့အထိ ဆေးရည်ရောင်းချမှုကို ရပ်တန့်ထားမယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အခုလ အစောပိုင်းမှာ  အနောက်အာဖရိက၊ ဂမ်ဘီယာမှာ  ပြင်းထန်ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုခံစားနေရတဲ့ ကလေးငယ် ၇၀ ဦးအထိ သေဆုံးခဲ့တဲ့ အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေး လေးခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထား ပြီးနောက် အင်ဒိုနီးရှားမှာ အခုလိုတားမြစ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယအာဏာပိုင်တွေကတော့  နယူးဒေလီရှိ စက်ရုံတစ်ရုံရဲ့ ဆေးဝါးထုတ်လုပ်ခြင်းကို ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား ကျန်မာရေးဝန်ကြီးကတော့ ဒီဆေးတွေမှာ  အလှကုန်ပစ္စည်းတွေမှာ  သုံးတဲ့ အီသိုင်း ဂလိုင်ကောနဲ့ ethylene glycol နဲ့ ဒိုင်ယက်သိုင်းဂလိုင်ကော diethylene glycol  ဓါတု ပစ္စည်းနှစ်မျိုးကို ဆေးရည်အတွင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။

Ref,CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.