မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သ တင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “အင်္ဂပူမြို့ရှိ စာသင်ကျောင်းဆောင်များကို အကြမ်းဖက်သမား ပဒက်များက မီးရှို့ဖျက်ဆီး” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Sitt Key Gyi(သတင်းတမာန်) တယ်လီဂရမ်ကနေ စက်တင်ဘာလ (၁၈)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “အင်္ဂပူမြို့ရှိ စာသင်ကျောင်းဆောင်များကို အကြမ်း ဖက်သမားပဒက်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းခေါင်းစဉ်နဲ့အတူ အများပြည်သူပိုင် အ ဆောက်အဦးတွေနဲ့ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးတာက တော်လှန်ရေးလား” ဆိုပြီး အင်္ဂပူမြို့ရှိ စာသင်ကျောင်းဆောင် မီးလောင်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ ဖြန့်ဝေခဲ့ကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3sbLmta

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားကို စစ်ကောင်စီအကောင့်တုတွေက ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

PDF တွေလုပ်ဆောင်တာလို့ သက်သေအခိုင်အမာ မရှိသလို စစ်တပ်ထောက်ခံသူတွေ စွပ်စွဲရေးသားထား သလို PDF တွေ လုပ်ဆောင်တာမဟုတ်ဘဲ လျှပ်စစ်မီးပလပ်ခုံ ဝါယာရှော့ခ်ဖြစ်ကာ စတင် မီးလောင်ခဲ့တာဖြစ်တယ်ဆိုတာ စီစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ အောက်တိုဘာ ၁၆ ရက်မနက် ၂ နာရီ ၁၅ မိနစ်ခန့်မှာ ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းမှာရှိတဲ့ အခြေခံပညာ အ-ထ-က (အင်္ဂပူ) စာသင်ကျောင်း မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

စာသင်ခန်းအတွင်းရှိ ဟောင်းနွမ်းနေသော ဝါယာကြိုးများပူး၍ မီးပလပ်ခုံ အပူလွန်ကဲပြီး အောက်တွင်ရှိသော စာအုပ်ပုံများသို့ မီးကူးကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ Mizzima သတင်းဌာနက ရေးသားထားတာ တွေ့ရပါတယ်။

အ-ထ-က (အင်္ဂပူ)စာသင်ကျောင်း Grade-8 (A) ခန်းမှာရှိတဲ့ လျှပ်စစ်မီးပလပ်ခုံဝါယာရှော့ခ်ဖြစ်ကာ စတင် မီးလောင်ခဲ့တာဖြစ်တယ်လို့ မီးသတ်ဉီးစီးဌာနက သတင်းထုတ်ပြန်ထားတာကိုလည်း ယုံကြည့်စိတ်ချရတဲ့ သတင်းဌာနတွေက ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

Mizzimaသတင်းဌာနရဲ့ သတင်းဖော်ပြချက်လင့်

https://bit.ly/3EUiblI

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “အင်္ဂပူမြို့ရှိ စာသင်ကျောင်းဆောင်များကို အကြမ်းဖက်သမားပဒက်များက မီးရှို့ဖျက်ဆီး” ဆိုတဲ့ သတင်းဟာ ဖြစ်စဉ်အမှန်ကို သက်သေအခိုင်အလုံမရှိဘဲ PDF တွေ ကျူးလွန်ခဲ့သယောင် စွပ်စွဲရေးသားထားတဲ့ သတင်းတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.