ထီးလင်း – အောက်တိုဘာ(၁၉)

မကွေးတိုင်း ထီးလင်းမြို့နယ်က ပြည်သူတွေရဲ့ နေအိမ် (၄၅) လုံးကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ထီလင်းမြို့နယ်ထဲကို လွန်ခဲ့တဲ့ တစ်လကျော် ထဲက အင်အား(၁၀၀) ဝန်းကျင်နဲ့ စစ်ကောင်းထိုးပြီး ကျေးရွာ(၇) ရွာက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာပါ။

“သူတို့မှာပျူတွေလည်းပါလာတယ်။ ထောက်ပို့လား၊ နိုင်ငံရေးတက်ကြွလှူပ်ရှားသူလား၊ PDF ရဲ့အိမ်လား စတဲ့စာရင်းတွေပါတယ်။ အဲဒီစာရင်းတွေကိုပျူတွေနေရာအိမ်တွေပြတယ်။ အဲဒီအိမ်တွေကိုမီးရှို့တာ။ ဓားစာခံကတော့လမ်းတစ်လျှောက်ကို ဖမ်းတာ။ ဓားစာခံရမှ သွားတယ်။ ဓားစာခံရဖို့စိတ်ရှည်လက်ရှည်စောင့်ပြီးညပိုင်းမှဖမ်းတယ်။” လို့ ဒေသခံ ကိုမင်းဒဿ ကသံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဓားစာခံတွေကို စစ်လက်နက်ပစ္စည်းတွေသယ်ခိုင်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ရိုက်နှက်နှိပ်စက်တာတော့ မလုပ်ခဲ့ဘဲ နောက်တစ်ရွာက ဓားစာခံရှာလို့မရ မချင်း ဖမ်းဆီးထားတယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီက အညာတောရွာကနေအိမ်(၆)လုံး၊ကံသာရွာ နေအိမ်(၁၁)လုံး၊ပုဏ္ဏားရွာကနေအိမ် (၄) လုံး၊ထလင်းရွာကနေအိမ် (၃) လုံး၊အနောက်ဖက်ရွာကနေအိမ် (၁၀) လုံး၊သရခါရွာက နေအိမ်(၅) လုံးအောင်းရွာကနေအိမ် (၆)လုံးတို့ကိုမီးရှို့ဖျက်စီးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကြောင့် ကျေးရွာ(၈) ရွာက ပြည်သူ အနည်းဆုံး(၅) ထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ(၁၉) ရက်နေ့မှာတော့ ထလင်းရွာကနေ တောရောင်းရွာဘက်ကို အဲ့ဒီ စစ်ကြောင်းထွက်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပြီး စစ်ရှောင်တွေ အနေနဲ့ ရွာထဲကို နယ်မြေရှင်းလင်းရေးလုပ်ပြီးမှ ပြန်ဝင်ကြဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.