ဘန်ကောက်၊ အောက်တိုဘာ (၂၀)

ထိုင်းဘုရင့် အသိုင်းအဝိုင်းကို မထီမဲ့မြင်ပြုမှု အပါအဝင် အီလက်ထရွန်နစ်ဥပဒေကို ချိုးဖောက်တယ်လို့ဆိုကာ စာကြည့်တိုက်မှူးတစ်ဦး ဖြစ်တဲ့ အသက် ၃၁ နှစ် အရွယ် ပက္ကာပင်ယာကို ထောင်ဒဏ် ၉နှစ်ကျခံဖို့ တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

တော်ဝင် အသိုင်းအဝိုင်းကို စော်ကားပုတ်ခတ်တဲ့ အရေးအသားတွေ ပါဝင်တဲ့ ပို့စ် ၃ခုကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ၂၀၂၀ခုနှစ်ကနေ ၂၀၂၁ခုနှစ်အတွင်း ရေးသားခဲ့တာ ဖြစ်တယ်လို့ နရာထိဝတ် ခရိုင်ဒေသန္တရ တရားရုံးတော်က ပြောကြားခဲ့တာပါ။

အခုချိန်မှာတော့ သူ့ရဲ့ရှေ့နေ့ အဲဒီဆုံးဖြတ်ချက်အတွက် အယူခံဝင်ဖို့ ပြင်နေကြောင်းလည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ ပါရာဝတ် နဲ့ အခြားသော တက်ကြွလှုပ်ရှားသူ ၅ ဦးကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့ကို ၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့မှာ ဘန်ကောက်မှာရှိတဲ့ ရာဇဝတ်တရားရုံးက ခွင့်ပြုပေးခဲ့ဖူးပါတယ်။ 

သူတို့ ခြောက်ဦးကိုတော့ တော်ဝင်မိသားစုကို စော်ကားခြင်း၊ အသရေဖျက်ခြင်းစတဲ့ ပြစ်မှုတွေနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ၁၁၂ ပါ ပြဋ္ဌာန်းချက် ပုဒ်မ ၁၁၂ ကို ဖောက်ဖျက်မှုဖြင့် ထိုင်းနိုင်ငံ နယ်မြေအသီးသီးမှာ သီးခြားဖမ်းဆီးခံခဲ့တာပါ။

တော်ဝင်မိသားစုကို စော်ကားတယ်လို့ဆိုပြီး အခြားဖမ်းဆီးခံရသူတွေထဲမှာတော့ အသက် ၅၄ နှစ်အရွယ် တက္ကသိုလ်ကထိက နဲ့ အသက် ၂၄ နှစ်အရွယ် ဥပဒေကျောင်းသူ အပြင် အခြားသော ၅ ဦး ပါဝင်ပြီး သူတို့ကိုတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၆ ဖြင့် စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

ဒီပြစ်မှုတွေအတွက် ကနဦးချုပ်ရက်မှာ ၁၂ ရက်ဖြစ်ပြီး တရားရုံးက သက်တမ်းတိုးနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျူရင် လက်ဆာနာဝီဆစ်in Laksanawisit ကတော့ သူ့ရဲ့ပါတီဟာ တော်ဝင်မိသားစုရဲ့ ဂုဏ်ကျက်သရေကို အကာအကွယ်ပေးတဲ့ ဥပဒေကို မပြင်ဆင်လိုကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဘုရင်စနစ်နဲ့ နိုင်ငံ့ခေါင်းဆောင်ကို အကာအကွယ်ပေးဖို့ ဥပဒေမရှိတဲ့ နိုင်ငံ မရှိဆိုပြီးလည်း ထပ်လောင်းပြောဆိုခဲ့ ပါသေးတယ်။

Ref: Thai Enriquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.