ရန်ကုန်၊ အောက်တိုဘာ(၁၉)

ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်ရှိ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပါဆယ်ဗုံးပေါက်ကွဲပြီး ထောင်ဝန်ထမ်း ၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့မနက် ၉ နာရီ ၃၃ မိနစ်မှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ထောင်ဝန်ထမ်း တပ်သားကျော်ဇင်ဦး၊ တပ် သား ခင်မိုးဝေနဲ့ တပ်သားပိုးအိ ဇံတို့ သေဆုံးပြီး ၇ ဦးမှာဗုံးစထိမှန်ဒဏ် ရာများရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ လုံခြုံရေးဂိတ်စောင့်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထောင်ရှေ့ အဆောက်အအုံတွေကို ကျည်ထိ မှန်ပြီး အနီးဝန်းကျင်ရှိ ပြည်သူအချို့ ကျည်ထိမှန်ခဲ့တယ်လို့လည်း အင်းစိန်ထောင်အနီးနေသူတွေထံမှ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လတ်တလော အင်းစိန်ထောင်ရှေ့တစ်ခုလုံးကို စစ်တပ်က အင်အားအလုံး အရင်းနဲ့ ပိတ်ဆို့ထား ပြီး အင်းစိန်မြို့နယ်အတွင်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Edit- ထပ်မံရရှိခဲ့တဲ့ သတင်းတွေအရအင်းစိန်ထောင်အတွင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားမှုမှာအကျဉ်းဦးစီးဝန်ထမ်းသုံးဦးနဲ့ပြည်သူအမျိုးသမီးငါးဦးစုစုပေါင်းရှစ်ဦးသေဆုံးခဲ့ပါတယ်။ အကျဉ်းဦးစီးဝန်ထမ်းလေးဦးနဲ့ ပြည်သူကိုးဦးစုစုပေါင်း ၁၃ ဦးဒဏ်ရာပြင်းထန်စွာ ရရှိနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.