နယူးယောက် – အောက်တိုဘာ(၁၈)

နိုင်ငံတကာအသိုင်းအဝန်းနဲ့ ကုလသမဂ္ဂတို့က ထုတ်ပြန်ချက်တွေ ထုတ်ပေးတဲ့အတွက် ကျေးဇူးတင် ရှိပေမယ့် ပျက်စီးယိုယွင်းနေတဲ့အခြေအနေတွေအတွက် ထုတ်ပြန်ချက်တွေထုတ်ပေးရုံနဲ့ လုံလောက် မှုမရှိတော့လို့ ထိရောက်တဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကသာ မြေပြင်အခြေအနေကိုကာကွယ် ပေးနိုင်မှာဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့က ကျင်းပခဲ့တဲ့ (၇၇) ကြိမ်းမြောက် ကုလသမဂ္ဂအထွထွေညီ လာခံ မှာ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ် မှာ သံအမတ်ကြီးက ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ ဖြစ်ပေါ်ခဲ့တဲ့ တရားမဝင်စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ပြည်တွင်းနေရာအနှံ့မှာ နေရပ် စွန့်ခွာသူ တွေနေ့စဉ်ရှိနေရတာဖြစ်ပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ရိုဟင်ဂျာ(၃)သိန်းကျော်အပါအဝင် ပြည်တွင်း နေရပ်စွန့်ခွာသူ (၁.၃) သန်းကျော်ရှိနေပြီး လွန်ခဲ့တဲ့ လပေါင်း(၂၀) အတွင်းမှာ ပြည်တွင်းနေရပ်စွန်ခွာ သူ (၉၈၆၅၀၀) ကျော်ရှိနေတယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများစွာ ပါဝင်နေပြီး သူတို့ကို စစ်ကောင်စီတပ်တွေက နေရပ်စွန့်ခွာထွက်ပြေးစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသလို သူတို့ဟာ ထိခိုက်လွယ်တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ၊အဟာရမပြည့်ဝတာ၊မသန့်ရှင်း မှုနဲ့ ခိုလှုံရာနေရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါ တယ်။

ဒီအခြေအနေကို ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့ အရေးယူကိုင်တွယ်ဆောင်ရွက်မှု မရှိရင် ပြည်တွင်းနေရပ်စွန့်ခွာသူအမျိုးသမီးနဲ့ ကလေးငယ်တွေဟာ လူကုန်ကူးမှုတွေရဲ့ အဓိကသားကောင် တွေဖြစ်လာနိုင်တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုတွေ ပေးအပ်ဖို့ အရေးတကြီးလိုအပ် နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို သူတို့ရဲ့ နေအိမ်တွေကို ပြန်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းက ထိ ရောက်စွာ ဆောင်ရွက်ပေးနိုင်ဖို့နဲ့ နေရပ်စွန့်ခွာသူတွေလိုအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ် နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက အကြံပြုတောင်းဆိုခဲ့ တယ်လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.