၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်ဆုံး ဘောလုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်း ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား မာနေး၊ မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ဘလွန်းဒီအောဆုကို ဆွတ်ခူးရရှိခဲ့တာပါ။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးရဲလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၆ ပွဲမှာ သွင်းဂိုး ၄၄ ဂိုးထိ သွင်းယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ စပိန်လာလီဂါဖလားတို့ကိုပါ ရယူပေးနိုင်ခဲ့တဲ့အတွက် ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
၂၀၂၂ ရဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဆုကို ဘာစီလိုနာအသင်း ဝါရင့် တိုက်စစ်မှူး လီဝန်ဒေါစကီး၊ အကောင်ဆုံးလူငယ် ကစားသမားဆုကို ဘာစီလိုနာ ကွင်းလူ ဂါဗီ၊ အကောင်းဆုံး ဂိုးသမားဆုကိုတော့ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။
အကောင်းဆုံးကလပ်အသင်းဆုကို ပရီးမီးယားလိဂ်ကလပ်အသင်း မန်စီးတီးအသင်းက ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာ ပထမဦးဆုံး ချီးမြှင့်တဲ့ အားကစားနဲ့ ငြိမ်းချမ်းရေးတို့အတွက် ဆိုကရေးတီးဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား မာနေးက ဆွတ်ခူးရရှိခဲ့ပါတယ်။