တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA (၇)နှစ်ပြည့်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတွေအနေနဲ့ အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ ငြိမ်းချမ်းရေးကို လျှောက် လှမ်းကြဖို့နဲ့ တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သောအချက်တွေကို ပြင်သင့်တာတွေကို ပြင်ဆင်ပေး သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNUက ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။ တိုင်းရင်းသား တွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုမှုအပေါ်မှာရော ဘယ်လို တုံ့ပြန်လိုက်ပါသလဲ။ လက်ရှိ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကားတွေ ပါးလိုက်ချင်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး NCA ခုနှစ်ပြည့် မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က တိုင်းရင်းသားတွေအနေနဲ့ အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီနစ်ကို ဒီမိုကရေစီစနစ်ကိုကာကွယ်ဖို့၊ ငြိမ်းချမ်းရေးကိုလျှောက်လှမ်းကြဖို့ ပြောကြားခဲ့ပါတယ်။ ဒီအပေါ် KNU အနေနဲ့  ဘယ်လို တုံ့ပြန် ချင်တာ ရှိမလဲ။

အဲ့ဒီမိန်းခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် တို့က အခေါက်ခေါက်အခါခါ သူတို့အာဏာသိမ်းတည်းက တာက်လျောက်ပြောလာတာ ပြောလာတာ။ လုံးဝပြောင်းလဲ မှုမရှိ ဘူးလေ။ သူကိုယ်တိုင်က အာဏာသိမ်းပြီးတော့ သဘောတူညီချက်အားလုံးကို ဖျက်ဆီး လိုက်တာ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ပျက်စီးသွားတဲ့အခါမှာ ဒီမိုကရေစီပဲတည်ဆောက်မလား၊ ဖယ်ဒရယ်ကိုပဲတည် ဆောက်မလား။ လက်ရှိကာလမှာ ဒီမိုကရေစီရဲ့ ရန်သူ၊ဖယ်ဒရယ်ရဲ့ရန်သူက သူဖြစ်နေတယ်လေ။ အဲ့ဒါကြောင့်မို့လို ဘယ်လိုမှ အလုပ်မဖြစ်တဲ့ဟာကို ထပ်ခါထပ်ခါပြောနေတဲ့ဟာ ဒါကတော့လုံးဝမပြောသင့် မပြောထိုက်တဲ့ဟာပဲလို့ ပြောရမှာပဲ။ ဘာလို့ဆို သူကိုယ်တိုင်က တရားမဝင်တော့ဘူးလေ။ လုံးဝတရားမဝင်တဲ့သူနဲ့ ကျွန်တော်တို့က လက်တွဲသွားပြီးတော့ လုပ်စရာအကြောင်း မရှိဘူးဆိုတာ ကျွန်တော်တို့အခေါက်ခေါက်အခါခါပြောတယ်။ ကျွန်တော်တို့ပြီးတဲ့နောက်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကျွန်တော်တို့နယ်မြေထဲမှာလည်း တိုက်ပွဲတွေဖြစ်နေတာလည်း ခြောက်ထောင်အထက်မှာရှိနေပြီ။ တစ်လတစ်လ စာရင်းချုပ် လိုက်တဲ့ အခါမှာနောက်ဆုံးစက်တင်ဘာလ စာရင်းချုပ်လိုက်တဲ့အခါမှာ တိုက်ပွဲကသုံးရာကျော်တယ်လေ။ ဒါကအောက်ထစ်ပဲ လေ။ တိုက်ပွဲက နွေပိုင်းမှာဆို တစ်လတည်းမှာပဲ။ ကျွန်တော်တို့နယ်မြေမှာ တိုက်ပွဲက ၅၀၀၊၆၀၀ကျော်ဖြစ်နေတဲ့ကိစ္စကြီးက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီက သူနဲ့သွားတွဲလို့ရတော့မလဲ။ အခုလက်ရှိမှာရှင်းနေတာပဲ။ ဒီမိုကရေစီရဲ့ရန်သူဖယ်ဒရယ်ရဲ့ ရန်သူကစစ်ကောင်စီပဲဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတဲ့အခါမှာ ကျွန်တော်တို့ဘာမှမူ ဝါဒပြောင်းလဲစရာမရှိဘူး။

-တိုင်းရင်းသားအရေးအတွက်ဆိုပြီး စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေက အချို့သောအချက်တွေကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရမယ်လို့ NCA (၇)နှစ်ပြည့်မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က မက်လုံးပေးပြီးပြောဆိုသွားခဲ့ပါတယ်။ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ရှည်ရှည်‌ဝေးေဝေးတော့ မပြောတော့ပါဘူး။ အဲဒါတော့ သူပါးစပ်ထဲတွေ့ကရာ လျောက်ပြီးတော့ လျှောက်ပြောနေတဲ့ အနေအ ထား မှာပဲ ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာသိမ်းတည်းက ဖွဲ့စည်းပုံအခြေခံဉပဒေကို ဖျက်ဆီးလိုက်တာပဲလေ။ အခုမှပဲ ၂၀၀၈ကိုဟိုလိုဒီလိုပြင်မယ်ဆိုတဲ့ဟာမျိုးကျတော့ ရှုးသလိုကြောင်သလို နဲ့ လျှောက်လုပ်နေတဲ့ကိစ္စပဲဖြစ်တယ်။ ကျွန် တော်တို့တွေက အရှုးတွေမဟုတ်ဘူးဗျ။ အဲဒါသူတို့ရူးတိုင်း ကိုယ်လိုက်ရူးဖို့မလိုဘူး။အဲ့ဒါကြောင့်မို့ ဘာဖြစ်လဲဆို အာဏာသိမ်း လည်း အာဏာသိမ်းတယ်ပေါ့။ တည့်တည့်ပြောပါလား။ အာဏာသိမ်းတာကို အာဏာထိန်းသလို ဟိုလိုလိုဒီလိုလိုနဲ့ ၂၀၀၈ဖွဲ့ စည်းပုံရှိနေသေးတယ်ဆိုတာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ အဲ့ဒီအပေါ်မှာတော့ ကျွန်တော်တို့ ဘာမှပြောစရာ မရှိဘူး။ဘာမက်လုံးမှလည်းနားထောင်စရာကို အကြောင်းကို မရှိတာ။

NCA (၇)နှစ်ပြည့်နေ့မှာ KNU အနေနဲ့ ပြည်သူလူထုအပေါ် ဘာများအသိပေးပြောချင်တာရှိပါသလဲ။

ဟုတ်ကဲ့။ အဲ့လိုပြောတဲ့အခါမှာ ကျွန်တော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး တစ်ခုလုံးမှာ အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့တောက်လျှောက်ပဲ ကျွန်တော်တို့ တစိုက်မတ်မတ် တောင်းဆိုလာတဲ့အပေါ်မှာ ကျွနတော်တို့ KNU ကရင်အမျိုးသားအဖွဲ့အစည်းအရုံးကို ဖွဲ့စည်း ပြီးခဲ့တဲ့၁၉၄၇ကတည်းက အခုထက်ထိ ဒါပဲဆုပ်ကိုင်ထား တယ်။ ဒါပေမယ့် ပြောခွင့်ကို မသာခဲ့ဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်အရ ၂၀၁၅ခုနှစ်မှာ NCAရလာတဲ့အခါမှာ ကျနော်တို့ တစိုက်မတ်မတ်လုပ်လာတဲ့အခါမှာ ကပ်သီးကပ်ဖဲ့ ကဖျက်ကယက် လုပ်နေတာက စစ်ကောင်စီပဲဗျ။ တစ်ချက်မှကို ဂရုမစိုက်ဘဲ သဘောတူညီချက်ကို အကုန်လုံးဖောက်ဖျက်ပြီးတော့ လုပ်သွားတဲ့အခါမှာ ဒီနေ့ဒီအချိန်ကာလမှာတော့ အဲဒီလိုဖြစ်ခဲ့တဲ့အပေါ်မှာ မဖြစ်ဖို့ကို တောင်းဆိုတာလည်းရှိတယ်။ ကျွန်တော်တို့ အသိပေးတာလည်းရှိတယ်။ လုံးဝဂရုမစိုက်ဘဲ အာဏာသိမ်းလိုက် တယ်ဗျာ ။ အာဏာသိမ်းတဲ့ နောက်ပိုင်းမှာဘာဖြစ်သွားလဲဆိုတော့ လူထုကိုပစ်မှတ်ထားပြီးတော့ လုပ်လာတဲ့အခါမှာ သတ်တာ ဖြတ်တာတွေက အတောမသတ်ဖြစ်လာပြီး လူထုကိုယ်တိုင်က ကျွန်တော်တို့နယ်မြေထဲမှာ သုံးသိန်းနဲ့လေးသိန်းကြား ပြေးနေ ရတယ်။ မြန်မာပြည်တစ်ပြည်လုံးမှာ သန်းချီပြီးပြေးနေရတာ။ ဒါစစ်ကောင်စီရဲ့လက်ချက်ကြောင့် အဲ့ဒီကြောင့် ဘာမှပြောစရာမလို တော့ဘူး။ သူ့လက်ချက်ကြောင့် ဖြစ်သွားတဲ့ဟာတွေကအကုန်လုံး သူကပဲ တာဝန်ခံရတော့မယ်လေ။ အဲဒါကြောင့်မို့ ကျွန်တော် ပြောချင်တာက စစ်ကောင်စီပြုတ်ကျရေးပဲ တစိုက်မတ်မတ်လုပ်သွားဖို့ရှိတယ်။ ကျနော်တို့မြင်တာတော့လူထုက ဒီဘက်ပိုင်းကို လုံး၀ သံသယမရှိဘူး။ သူတို့လုပ်စရာရှိတာ သူတို့လုပ်သွားမယ်။ သူတို့ရှိတဲ့အင်အားနဲ့ လုပ်သွားမယ်ဆိုတာ ကျွန်တော် တို့ယုံကြည်တယ်။ ကျွန်တော်တို့ဘက်ကလည်း ခေါင်းဆောင်မှု သီးသီးသန့်သန့်တည်တည်ငြိမ်ငြိမ်တစိုက်မတ်မတ် ဆက်လုပ်သွား မယ်ဆိုတာ ဘာမှသံသယမရှိပါဘူး။

-KNU ကွန်ဂရက်ကျင်းပသွားမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး အခြေအနေဘယ်လိုရှိပါသလဲ ပြောပြပေးပါဦး။

ဟုတ်ကဲ့ပါ။ အဲဒါကလည်းလူတကာတွေရဲ့စိတ်ဝင်စားမှုကိုခံရတဲ့ အချက်တစ်ချက်ဆိုလည်း ပြောလို့မမှားဘူးပေါ့လေ။ ကျွန်တော် တို့ KNU ဖွဲ့စည်းပုံအခြေခံဉပဒေပြဌာန်းချက်အရ ကျွန်တော်တို့ အင်မတန်ထူးခြားတဲ့ အခြေအနေအောက်မှာ အထူးသဖြင့် စစ် ရေး တိုက်ပွဲတွေ အရမ်းဖြစ်နေတယ်။ စစ်ရေးအခြေအနေက ရှုပ်ထွေးနေတယ်။ နောက်တစ်ချက်က လုံးဝမသက်သာလို့ ရွေ့ရ တယ်ဆိုတာဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ရွေ့နိုင်တာ၂နှစ်ပဲဗျ။ ကုန်ခဲ့တဲ့သက်တမ်း ၄နှစ်လေ။ကျွန်တော်တို့ ဒီလို ရွေ့နိုင် တာ ဟုတ်လည်းဟုတ်တယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တိုက်ပွဲကအများကြီးဖြစ်လာတယ်။ အခုဆိုကျွန်တော် တို့နယ် မြေထဲမှာ စစ်အာဏာသိမ်းပြီးနောက်တိုက်ပွဲက ထောင်ချီနော်။ ခြောက်ထောင်အထက်မှာ ဖြစ်နေတဲ့ အခါကျတော့ ဒါတစ် ချက်ပေါ့လေ။ ကိုဗစ်ဖြစ်လိုက်တာလည်း ကျွန်တော်တို့တော်တော်လေး ခံလိုက်ရတဲ့အခါမှာ လုံးဝမရွေ့ဆိုင်းချင်ပဲ ရွေ့ဆိုင်းနေ ရတဲ့ အခြေအနေရှိလာတဲ့အခါမှာ အဲဒါတွေဘာတွေ့ရလဲဆိုတော့ ၂နှစ်သက်တမ်းအထိပဲ ရွေ့ဆိုင်းလို့ရတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လုပ်ရတော့မယ်။ ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်လုပ်ရမယ့် အနေအထားမျိုးမှာပဲဆိုတော့ အခုက၂နှစ်သက်တမ်း လည်းဖြစ်သွားပြီ။ ရွေ့တဲ့အနေအထား အချိန်ကာလလည်းရောက်လာပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဗဟို ကော်မတီ ရဲ့ ဆုံးဖြတ်ချက်အရ ၂၀၂၂မကုန်ခင်မှာ အပြီးလုပ်ရမှာလို့ပြောလို့ရတယ်။ ဒါပေမယ့် နေ့ရက်အတိအကျ ပြောလို့မရဘူးပေါ့နော်။

-နောက်ဆုံးအနေနဲ့ လက်ရှိ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကားတွေ ပါးလိုက်ချင်ပါသလဲ။

ဟုတ်ကဲ့။ ကျွန်တော် အားပြုချင်တာ လူထုတွေပါ။ ဒီလိုတိုက်ပွဲဝင်ရတဲ့ဟာတွေက ကျွန်တော်တို့က အင်မတန်သာယာ ပျော်ရွှင် တဲ့ ခရီးတခုကို ပျော်ပွဲစားထွက်တာတော့ မဟုတ်ဘူးလေ။ အဲဒါကြောင့် ဒီနေ့ဒီအချိန်ခါမှာ ကြုံရတဲ့ဟာတွေက တဖြည်းဖြည်းနဲ့ ပန်းတိုင်ရောက်လေ အခက်အခဲကြီးမားလေဆိုတာ ကျွန်တော်တို့ ယုံမှားသံသယမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြီးတော့ အခက်အခဲကြုံရမယ်ဆိုတာ ဒီတခါပဲကြုံရမယ်။ အဲဒါပြီးရင်တော့ ကျွန်တော် တို့လိုချင်တဲ့ ကျွန်တော်တို့ တိုင်းသစ်၊ ပြည်သစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ခါတော့ ကျွန်တော် တို့ဘယ်လိုမှ လက်လျော့လို့မရဘူးဆိုတာ  အား ပေးချင်တယ်။ ခက်ခဲနက်နဲတဲ့ အရာတိုင်းရဲ့ အောက်မှာတော့ ချိုမြိန်တဲ့အရာရှိတယ်ဆိုတာ ကျွန်တော်ဒါပဲပြောချင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.