မော်လမြိုင်၊ အောက်တိုဘာ၊ (၁၇)ရက်

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀)မှာ လိဒ်စ်အသင်းကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ဂျေဇူး၊ ဇာကာ၊ မာတီနယ်လီ၊ အိုဒီဂတ် အပါအဝင် အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး လိဒ်စ်အသင်းကလည်း ကစားသမား အစုံအလင်နဲ့ အာဆင်နယ်အသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။

ဒါပေမယ့် လိဒ်စ်အသင်းဟာ အာဆင်နယ်အသင်းကို အဘက်ဘက်က ဖိအားပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ တစ် ဂိုး ဂိုး မရှိ ရလဒ်နဲ့ အရှုံးပေးလိုက်ရတာပါ။

အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ တိုက်စစ်ကစားသမား ဆာကာက သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ပွဲချိန် ၆၄ မိနစ်မှာ ပေးခဲ့တဲ့ရတဲ့ ပင်နယ်တီသွင်းဂိုးကို လိဒ်စ်အသင်း တိုက်စစ်မှူး ဘမ်းဖို့ဒ်က လွဲချော်ခဲ့လို့ သက်သာသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားပွဲပေါင်း ၁၀ ပွဲကစားအပြီးမှာ ၉ ပွဲနိုင် ၊ ၁ ရှုံး၊ ရမှတ် ၂၇ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေတာ ဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးအသင်းကိုလည်း ၄ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.