ဝါရှင်တန်၊ အောက်တိုဘာ (၁၄)
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဟာ သိသာထင်ရှားတဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရုရှား၊ တရုတ်နဲ့ အခြားနိုင်ငံ တွေရဲ့ ပထဝီဝင်နိုင်ငံရေးအရ အကျပ်ကိုင်မှုကို ကာကွယ်ဖို့ အမေရိကန်အနေနဲ့ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဝါရှင်တန်ဟာ ဈေးကွက်သစ်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများစွာအပါအဝင် ထောက်ပံ့ရေးကွင်းဆက်တွေကို ထပ်မံတည်ဆောက် နေချိန်မှာ ဥရောပသမဂ္ဂနှင့် အင်ဒို-ပစိဖိတ်နိုင်ငံတွေနဲ့လည်း ပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေဖို့ လုပ်ဆောင်နေတယ်လို့ အမေရိကန် ငွေကြေးဆိုင်ရာ ကော်မတီ Bretton Woods Committee ကကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ အမေရိကန်ရဲ့ ဘဏ္ဍာရေး ဝန်ကြီး ရေးလ်လန်က ပြောကြားခဲ့တာပါ။
“ပထဝီနိုင်ငံရေးအရ အကျပ်ကိုင်တဲ့ နည်းနာတစ်ခုအနေနဲ့ ရုရှားရဲ့ လက်နက်ရောင်းချမှုကို ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ တရုတ်လို နိုင်ငံတွေမှာလည်း အလားတူ အားနည်းချက်တွေကို လျော့ပါးစေရမယ်” လို့ ရေးလ်လန်က ပြောပါတယ်။
ယူကရိန်းကို ကျူးကျော် မှုနဲ့ စားနပ်ရိက္ခာ ၊ စွမ်းအင် တင်ပို့မှုတွေ ပိတ်ဆို့ခြင်းအတွက် ရုရှားကို တာဝန်ယူရမှာဖြစ်တယ်လို့ ဝါရှင်တန်ရဲ့ ရပ်တည်ချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်။
ရေးလ်လန်းအပါအဝင် အခြားသော ဘိုင်ဒင်ရဲ့အုပ်ချုပ်ရေးအဖွဲ့က အရာရှိတွေကလည်း တရုတ်ထောက်ပံ့ရေး ကွင်းဆက် တွေအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ လိုအပ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးမှာ ဘေဂျင်းရဲ့ ဆိုးရွားတဲ့ အပြုအမူကို တန်ပြန်ဖို့ လိုအပ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
ဝါရှင်တန်ဟာ ထိုင်ဝမ်က semiconductors နဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ လျှပ်စစ်ကားဘက်ထရီ တွေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေအပါအဝင် အခြားနည်းပညာတွေအပေါ် အမေရိကန်ကုမ္ပဏီတွေရဲ့ အလွန်အမင်းမှီခိုမှုကို လျှော့ချဖို့ လုပ်ဆောင်နေတာပါ။
“မိတ်ဆွေဖွဲ့ခြင်းဆိုတာ လက်တဆုပ်စာနိုင်ငံတွေလို့ မဆိုလိုပါဘူး။ ဒါကိုလည်း အကာအကွယ်ပေးရေးဝါဒလို့ မဆိုလိုပါဘူး။ မတူကွဲပြားမှုတွေရဖို့ ရည်ရွယ်ချက်ရှိပေမယ့် ကုန်သွယ်မှုရဲ့ အကျိုးကျေးဇူးတွေကိုတော့ ရတုန်းပါပဲ” လို့ သူက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ သာမန်မဟုတ်တဲ့ စီးပွားရေးမူဝါဒတွေ၊ အလေ့အထတွေနဲ့ စီးပွားရေးအရ အကျပ်ကိုင်ခြင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ကတ်သရင်းတိုင်ကလည်း ပြီးခဲ့တဲ့လက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြော ဆိုခဲ့ပါတယ်။
Ref: CNA