မော်လမြိုင် – အောက်တိုဘာ(၁၄)

နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် စစ်ကောင်စီကို အဆင့်ဆင့် အရေးယူဆောင်ရွက်ပြီး လက်နက်ကုန်သွယ်မှုပိတ်ပင်ဖို့ အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီ လာခံ တတိယကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးမှုအစီ အစဉ်မှာ သူကအခုလိုပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေတွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးထိန်းသိမ်းစောင့် ရှောက်ရန်၊လူ့အခွင့်အရေးကာကွယ်ရန်၊လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရန် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံအုပ်မြစ်တွေကို ခြိမ်းခြောက်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးဝါးတဲ့ဖြစ်ရပ်တွေကို ဆက်လက် လျစ်လျူမရှု့သင့်ဘူးလို့ သံအမတ် ကြီးက ဆိုပါတယ်။

လူ့အခွင့်အရေးဟာ လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်ပြီး ဘဝရှင်သန်ခွင့်၊လွတ်လပ်ခွင့်၊ ကျေးကျွန်ပြုမှုနဲ့ နှိပ်စက်ခံရမှုတွေက ကင်းလွတ်ခွင့်၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊အလုပ်လုပ် ခွင့်နဲံ ပညာသင်ယူခွင့် တွေကို မြန်မာပြည်သူတွေ ခံစားခွင့်ဆုံးရှုံးနေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေဟာ ပိုမိုဆိုးရွားလာပြီး လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုမြောက်နိုင်တဲ့ ကျူးလွန်မှုတွေအဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက မှတ်ချက်ပြုထားပါတယ်။

စစ်တပ်ရဲ့ တစ်ခုတည်းသောအာဏာဆုပ်ကိုင်မှုနည်းလမ်းဟာ မြန်မာပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်မှုနဲ့ ခြိမ်းခြောက်မှုသာဖြစ်ပြီး မြန်မာနိုင်ငံကို စစ်တပ်က ရေရှည်ကောင်းမွန်စွာ အုပ်ချုပ် နိုင်စွမ်းမရှိဘူးလို့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြစ်ဒဏ်ကျခံရမယ်လို့ စိတ်ဖြစ်ပေါ်တာမရှိမချင်း ဥပဒေမဲ့လုပ်ရပ် တွေကျူးလွန်နေမှာဖြစ်တဲ့အတွက် စစ်တပ်အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာတဲ့ ပြစ်မှု ကျူးလွန်မှုတွေကို ရပ်တန့်မှာမဟုတ်ဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.