လာမယ့် ၂၀၂၃ ခုနှစ် မေလ(၇) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲပြီးရင် စစ်တပ် ကအာဏာသိမ်းတော့မှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံကာကွယ်ရေးဦးစီးချုပ်က ကတိပြုပြောဆိုခဲ့ပါ တယ်။ 

ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲဖြစ်လာရင် စစ်တပ်က ဘယ်လိုတုံ့ ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို စစ်ဦးစီးချုပ်က အခုလို ပြောဆိုခဲ့တာပါ။ 

နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍမရှိပေမဉ့် တခြားပြည်နယ်အေဂျင်စီတွေလို သူတို့ရဲ့ နိုင်ငံကို အုပ်ချုပ်ဖို့ အစိုးရယန္တရားအဖြစ်ဆောင်ရွက်ပြီး သူတို့ရဲ့ မူဝါဒကို လိုက်နာဖို့ တာဝန်ရှိတယ်လို့ စစ်ဦးစီးချုပ်  ချာလန်ပို စီရီဆာဝဘ် က ပြောဆိုခဲ့ပါတယ်။ 

စစ်တပ်ရဲ့ တာဝန်တွေကို တရားဝင်သတ်မှတ်ပေးထားပြီးဖြစ်သလို အများပြည်သူတွေလိုပဲ နိုင်ငံ ရဲ့ဒီမိုကရေစစီဖွံ့ဖြိုးတိုးတက်မှုဟာ စည်းမျဉ်းခံဘုရင်စနစ်အောက်မှာ ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ 

“အခြေအနေ ဘယ်လိုပဲရှိရှိ တပ်မတော်က အလုပ်ဖြစ်အောင် ဆက်လုပ်သွားမှာပါ။ အဲဒါကို လူထုအနေနဲ့ အာမခံချက်ပေးနိုင်တယ်” လို့  ထိုင်းစစ်ဦးစီးချုပ် ချာလန်ပို စီရီဆာဝဘ်က ကတိပြု ပြောဆိုခဲ့ပါတယ်။ 

အထွေထွေရွေးကောက်ပွဲတွေအပြီးမှာ အာဏာသိမ်းဖို့ ယူဆချက်တွေရှိနေပေမယ့် အာဏာသိမ်း မှာမဟုတ်ဘူးလို့ ချာလန်ပိုက အခိုင်အမာပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာမှာ ဖော်ပြ ထားပြီး နောက်ထပ်စစ်တပ်အကြီးအကဲတစ်ဦးဖြစ်တဲ့ နာရွန်ပန်ကလည်း စစ်ဦးစီးချုပ်ရဲ့ အာမခံ ချက်ကို သဘောတူခဲ့တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထိုင်းဘုရင့်တပ်မတော် ဗိုလ်ချုပ်ပရာယွတ်ချန်အိုချာဟာ ခြောက်လ ကြာ နိုင်ငံရေးမငြိမ်မသက်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ခံဝန်ကြီးချုပ် ရင်လတ် ရှင်နာဝဂ်ကို မေလ(၂၂) ရက်နေ့ကဖြုတ်ချပြီး လက်ရှိအချိန်ထိ စစ်တပ်က အာဏာသိမ်းထား တာဖြစ်ပါတယ်။ 

တပ်မတော်က နိုင်ငံတော်ကို အုပ်ချုပ်ဖို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (NCPO) လို့ခေါ်တဲ့ စစ်အစိုးရကိုဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုဟာ စစ်တပ်ဦးဆောင် တဲ့ အစိုးရနဲ့ ဒီမိုက၇ေစီအာဏာကြား ၂၀၀၆ ခုနှစ်က စတင်ပြီး မပြီးဆုံးသေးတဲ့ အာဏာသိမ်း မှုလို့ လူသိများတဲ့ နိုင်ငံရေးပဋိပက္ခကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ 

NCPO ဟာ အာဏာသိမ်းပြီးနောက် ကြားကာလ ပဋိဉာဉ်ကို ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး သူတို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အာဏာကိုအပ်နှင်းထားတဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအသစ်နဲ့ အစားထိုး ဖို့ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ပရာယွတ်ချန်အိုချာကို တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ခဲ့တဲ့ စစ်တပ်ကြီးစိုးတဲ့ အမျိုးသားဥပဒေပြု လွှတ်တော်ထူထောင်ဖို့ နောက်ထပ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ပြီး စစ်တပ် ကြီးစိုးတဲ့ အစိုးရဟာ ဒီမိုကရေစီရွေးကောက်ပွဲတွေကို ဖယ်ထုတ်မှာဖြစ်တဲ့အတွက် ကန့်ကွပ် မှုတွေကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါ်က်လာခဲ့တယ်လို့ သိရပါတယ်။ 

Ref: The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.