October 14, 2022

မြန်မာစစ်တပ်နဲ့ လက်နက်ကုန်သွယ်မှုတွေမပြုလုပ်ဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်းတောင်း ဆို

မော်လမြိုင် – အောက်တိုဘာ(၁၄) နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် စစ်ကောင်စီကို အဆင့်ဆင့် အရေးယူဆောင်ရွက်ပြီး လက်နက်ကုန်သွယ်မှုပိတ်ပင်ဖို့ အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီ လာခံ တတိယကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးမှုအစီ အစဉ်မှာ သူကအခုလိုပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေတွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့…

AA နဲ့ ARSA မပေါင်းပါ

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မောင်တောမြို့နယ်မြောက်ပိုင်းမှာရဲကင်းစခန်း တစ်ခုဖြစ်တဲ့ မိုင်တိုင်(၄၀) ရဲကင်းစခန်းကို ARSA အကြမ်းဖက် ဘင်္ဂါလီအဖွဲ့နှင့် AAအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်” ဆိုတဲ့အကြောင်းအရာကို…

ရုရှားနဲ့ တရုတ်က ပထဝီနိုင်ငံရေးဆိုင်ရာ အကျပ်ကိုင်မှု လုပ်ဆောင်လာနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ (၁၄) ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဟာ သိသာထင်ရှားတဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရုရှား၊ တရုတ်နဲ့ အခြားနိုင်ငံ တွေရဲ့ ပထဝီဝင်နိုင်ငံရေးအရ အကျပ်ကိုင်မှုကို ကာကွယ်ဖို့ အမေရိကန်အနေနဲ့ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဝါရှင်တန်ဟာ ဈေးကွက်သစ်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများစွာအပါအဝင် ထောက်ပံ့ရေးကွင်းဆက်တွေကို ထပ်မံတည်ဆောက် နေချိန်မှာ ဥရောပသမဂ္ဂနှင့် အင်ဒို-ပစိဖိတ်နိုင်ငံတွေနဲ့လည်း ပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေဖို့ လုပ်ဆောင်နေတယ်လို့…

ရခိုင်အမျိုးသားပါတီ (ANP) နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သဘော ထား ထုတ်ပြန်ခဲ့တဲ့အတွက် ရခိုင်အမျိုးသားပါတီ (ANP) ကို စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က အောက် တိုဘာ ၁၂ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီ ကော်မရှင်ဘက်က ဘာတွေ ပြောဆိုလာသလဲ၊ ဒီအပေါ်မှာ ရခိုင်အမျိုးသားပါတီကရော ဘာတွေ…

ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ဩစတြေးလျက စစ်သင်တန်းပေးမယ်

ကန်ဘာရာ – အောက်တိုဘာ(၁၄) ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စစ်ရေးလေ့ကျင့်မှုပေးဖို့ အတွက် အစိုးရအဖွဲ့က စဉ်းစားနေတယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နီစ့်က ပြောပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးနဲ့ ယူကရိန်းစစ်ပွဲအတွက် သြစတြေးလျရဲ့ နောက်ထပ် ပံ့ပိုးကူညီမှုတွေ သေချာပေါက် လုပ်ပေး သွားမယ်လို့ ဝန်ကြီးချုပ်က မီဒီယာတွေကို ပြောကြားခဲ့တာပါ။ သြစတြေးလျ အစိုးရအနေနဲ့ ယူကရိန်း…

ထိုင်းစစ်တပ်အကြီးအကဲက ရွေးကောက်ပွဲပြီးရင် အာဏာမသိမ်းဘူးလို့ ကတိပြု

လာမယ့် ၂၀၂၃ ခုနှစ် မေလ(၇) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲပြီးရင် စစ်တပ် ကအာဏာသိမ်းတော့မှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံကာကွယ်ရေးဦးစီးချုပ်က ကတိပြုပြောဆိုခဲ့ပါ တယ်။ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲဖြစ်လာရင် စစ်တပ်က ဘယ်လိုတုံ့ ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို စစ်ဦးစီးချုပ်က အခုလို ပြောဆိုခဲ့တာပါ။ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍမရှိပေမဉ့် တခြားပြည်နယ်အေဂျင်စီတွေလို သူတို့ရဲ့ နိုင်ငံကို အုပ်ချုပ်ဖို့…

KNU ဖာပွန်ခရိုင်က ၄ ရက်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး

ဖာပွန်၊ အောက်တိုဘာ (၁၄) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၀)ရက်နေ့က စစ်ကောင်စီတပ်ကို KNU ဖာပွန်ခရိုင် လူသောမြို့နယ်မှာ(၁)…

စစ်အာဏာသိမ်း (၆၂၀) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၅၀ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၄) AAPP ၏ အောက်တိုဘာလ (၁၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၂၀)ရက်အတွင်း ပြည်သူ (၂၃၅၀)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၈၄၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၆) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင်…

ကယားပြည်နယ်မှာ လက်နက်ကြီး ထိမှန်တာကြောင့် ကလေးသူငယ် ၇၀ ထက်မနည်း ထိခိုက်၊ သေဆုံး

ထားလွိုင်ကော်၊ အောက်တိုဘာ (၁၄) ကယားပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ကလေးသူငယ် ၇၀ ထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ ကရင်နီလူ့အခွင့် အ ရေး စောင့်ကြည့်သူတွေရဲ့ စာရင်းအရ သိရပါတယ်။ အဲဒီထဲမှာတော့ လက်နက်ကြီး ထိမှန်တာကြောင့် သေဆုံးထားတဲ့ ကလေးသူငယ် ၂၀ ကျော် ပါဝင်ပြီး ကျန်ရှိတဲ့ ကလေးသူငယ် ၅၀…