ဘန်ကောက်၊ အောက်တိုဘာ (၁၃)

ထိုင်းနိုင်ငံမှာ ခရိုင်ဒေသန္တရအဆင့် ရဲအရေးပိုင် နယ်မြေ ၈ရဲ့  လက်ထောက်ကော်မရှင်နာဖြစ်သူ ရဲအရာရှိ ဆွမ်ချိုင် နီတာရာ ဘိုဝန်ကောလ် ဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာခဲ့တာကြောင့်  သူ့ရဲ့ဘတ်၁၃၆မီလီယမ် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းလိုက်တယ်လို့ အမျိုးသား အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က တာဝန်ရှိသူက ပြောပါတယ်။

အဲဒီရဲအရာရှိ စွမ်ချိုင်ဟာ တာဝန်ထမ်းဆောင်နေစဉ်အတွင် ပုံမှန်မဟုတ်တော့ပဲ တဖြေးဖြေးချမ်းသာ ကြွယ်ဝလာတာကို အမျိုး သား အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင်က သတိပြုမိခဲ့တာ ဖြစ်ပြီး လုံလောက်တဲ့ သက်သေအထောက် အထားတွေနဲ့ စုံစမ်းရှာဖွေနိုင်ခဲ့တာ ဖြစ်တယ်လို့ NACC မှ အထွေထွေအတွင်းရေးမှူး မစ္စတာ နီဝတ်ချိုင်က အောက်တိုဘာ ၁၂ရက်နေ့မှာ ပြောကြားခဲ့တာပါ။

ရဲအရာရှိ စွမ်ချိုင်ကို ထိုင်းနိုင်ငံရဲ့ အကျင့်ပျက်ချစားမှုနဲ့ အလွဲသုံးစားပြုမှုဆိုင်ရာ ပြစ်မှုတရားရုံးတော်မှ ပိုင်ဆိုင်မှုတွေ အား လုံး သိမ်းဆည်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။

သူ့ရဲ့ အမှုကို ကော်မရှင်ရုံးက စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထုတ်ခဲ့ပြီး ရှေ့နေချုပ်ရုံးကို ပေးပို့ထားခဲ့ပါတယ်။ ရှေ‌့နေချုပ်ရုံးမှ တဆင့် အကျင့်ပျက်ချစားမှုနဲ့ အလွဲသုံးစားပြုမှုဆိုင်ရာ  ပြစ်မှုတရားရုံးတော်ကို လွှဲပြောင်းထားခဲ့တာလည်း ဖြစ်ပါတယ်။

ရုံးတော်က စစ်ဆေးချက်အရ  ရဲအရာရှိ စွမ်ချိုင်ရဲ့ ပိုင်ဆိုင်မှုဟာ  ဘတ်ငွေတန်ဖိုး ၁၃၆,၂၇၆,၃၁၁(၁၃၆ မီလီယံကျော်)  ရှိပြီး ဇနီးသည်နဲ့ သမီးဖြစ်သူရဲ့  အမည်နဲ့ မှတ်ပုံတင်ထားတဲ့  ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကိုလည်း  ဘဏ္ဍာရေးဝန်ကြီးဌာနကိုလွှဲ ပြောင်းပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အရာရှိစွမ်ချိုင်အမည်နဲ့ စာရင်းသွင်းထားတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ  ဟွာဟင်ခရိုင်ခွဲအတွင်းရှိ မြေနဲ့ အိမ်လည်း ပါဝင်ခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ သမဝါယမရဲဝန်ထမ်း အထူးဘဏ် အကောင့်ထဲမှာလည်း ဘတ်ငွေ၂မီလီယံကျော် စာရင်းရှိနေပါတယ်။

သူ့ရဲ့  ဇနီးသည်အမည်နဲ့  ပိုင်ဆိုင်မှုတွေထဲမှာတော့  အိမ်တစ်လုံး၊ မြေ ၁၀ ကွက်၊ စီးပွားဖြစ် အသုံးပြုနိုင်တဲ့ အဆောက်အ အုံတွေ ပါဝင်တဲ့ မြေကွက် နှစ်ကွက်၊ ဘန်ကောက် ခိုဆန်ခရိုင်ခွဲရှိ Viva ကွန်ဒို ၇လွှာရှိ ကွန် ဒို အခန်းတစ်ခန်း၊ ဘတ်ငွေ ၁၉.၂ မီလီယမ် ရှိနေတဲ့  သမဝါယမရဲဝန်ထမ်း အထူးဘဏ်အကောင့်၊ ငွေချေးထားသူတစ်ဦးဆီမှ ဘတ် ၂.၁ မီလီယမ်အထိ ပေး ချေဖို့ တောင်းခံထားတဲ့ ငွေတောင်း ပြေစာတွေလည်း ပါဝင်နေတာပါ။

ဒါ့အပြင် ရဲအရာရှိ စွမ်ချိုင်ဟာ သမီးဖြစ်သူရဲ့ အမည်နဲ့  ဘန်ကောက် ချတူချက် ခရိုင်ခွဲရှိ M ကွန်ဒို ၂၀ လွှာမှာရှိ တဲ့ အခန်းတစ်ခန်းနဲ့ Mazda ကားနှစ်စီးကိုလည်း မှတ်ပုံတင်ထားပေးခဲ့ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.