နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံဝန်ထမ်း သိန်းနဲ့ချီ ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် CDM လှုပ်ရှားမှု ပါဝင်ထားတဲ့ နိုင်ငံဝန်ထမ်းတွေဟာ လက်ရှိမှာတော့ အခက်အခဲ အကျပ်အတည်းအောက်မှာ ဘဝရပ်တည် နေထိုင်ဖို့ပင် မနည်းကြိုးပမ်းရပ်တည်နေတာပါ။ ဒါကြောင့် CDM ဝန်ထမ်းတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လို တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်နေလဲ။ CDM လုပ်ငန်းစဉ်တွေအတွက် ဘယ်လို မူဝါဒတွေ ချမှတ်ဖို့ လိုအပ်နေပြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

CDM ဝန်ထမ်းတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ ဘယ်လို တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်နေလဲ။

CDMဆိုတဲ့ဟာက အကြမ်းမဖက်အာဏာဖီဆန်ခြင်းလုပ်တယ်ပေါ့။ ၀န်ထမ်းတွေပဲလုပ်ရမှာ မဟုတ်ဘူး အကုန်လုံးလုပ်ရမှာပေါ့။ မြန်မာနိုင်ငံမှာတော့ CDM လို့ ပြောရင် ရုံးမတက် ကျောင်းမတက်တာကိုပဲ ပြောတယ်။ CDMလုပ်တယ်။ ရုံးမတက်ကျောင်းမတက်ရင် စစ်ကောင်စီယန္တရားကြီး ပြိုကျမယ်ပေါ့။ မဟုတ်ဘူးဆိုတာ အခုပေါ်ပြီပေါ့။ ဒီအတိုင်း ရုံးမတက်ကျောင်းမတက်ဘဲစစ်ကောင်စီယန္တရားကြီးပြိုကျမယ် ရပ်သွားမယ်ဆိုတာတော့မဟုတ်ဘူး။ CDMလုပ်ပြီးတယ်ဆို အဲ့ CDM လုပ်တဲ့သူက အာဏာဖီဆန်တယ်ဆို အာဏာဖီဆန်ပြီးတာနဲ့ နောက်ဆက်တွဲ ဘာတွ လုပ်ရမလဲဆိုတဲ့ လုပ်ရမယ့် အလုပ်တွေရှိတယ်။ အဲ့ဒါတွေမစဉ်းစားလိုက်နိုင်ဘူး။ မစုစည်းလိုက်နိုင်ဘူး။ နောက်တစ်ခုက အဲ့ဒီ CDM စလုပ်တဲ့အချိန်မှာ လုပ်တဲ့သူ တော်တော်များများက မတရားမှုတွေကို ရွံ့ရှာလို့ မုန်းတီးလို့ မတရားမှုနဲ့ဆိုင်တဲ့ဟာတွေကို  ဆန့်ကျင်မယ်ဆိုပြီး လုပ်လာတာ။

ဘာကိုတောင်းဆိုမလဲဆိုတာမှာ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား အားလုံး တစ်သံတည်း မထွက်နိုင်ဘူး။ တစ်ချို့ကလည်း၂၀၂၀ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ပြောတယ်။ တစ်ချို့ကလည်း စစ်ကောင်စီပျက်သုန်းရေးဆိုတဲ့ဟာကို ပြောကြတယ်၊ ဉီးတည်ချက်တွေမတူတဲ့အချိန်မှာ CRPH ကနေ CDM ကော်မတီထောင်တယ်။ သူတို့ရဲ့ ပါတီနိုင်ငံရေးလှုပ်ရှားမှု အသွင်လုပ်လိုက်တယ်။ အဲ့တော့CDM က ပါတီနိုင်ငံရေးနဲ့ နွယ်သွားသလို ဖြစ်သွားတော့ ပြည်သူတွေရဲ့ မတရားမှုကို တော်လှန်တာထက် ပါတီအာဏာရရှိရေး အသွင်ပြောင်းသွားတာတွေ့ရတယ်။ စလုပ်တဲ့အချိန်မှာ သုံးသိန်းကျော်ကနေ ဒီနှစ်ဆန်းအထိကို လေးသိန်း‌ခုနှစ်သောင်းလောက်ရှိတယ်လို့ သိရတယ်၊  အခု နောက်ဆုံးတော့သုံး သိန်းခွဲလောက် အထိ ပြန် လျော့သွားတယ်လို့ ပြောတယ်။ သူတို့ရဲ့ခက်ခဲနေတဲ့ အခက်အခဲမှုတွေ လျော့ကျအောင် ကူညီတဲ့ ထောက်ပံ့တဲ့ အစီအစဉ်လုပ်တယ်ဆိုတဲ့ဟာကိုလည်း အကုန်မလုပ်နိုင်ဘူးဆိုတာ သိနေကြပြီ။CDMမှာ ပါ၀င်တဲ့သူတွေကို NUG နဲ့ ချိတ်ဆက်ပြီး အခြားလုပ်ငန်းတွေမှာ တွဲဖက် လုပ်ဖို့ကျတော့ သူတို့အနေနဲ့ ထောင်ဂဏ္ဏာန်းလောက်ပဲ ပြန်စုစည်းနိုင်တယ်။ CDMလုပ်သူ တော်တော်များများနေထိုင်အသက်ရှင်ဖို့ ပျက်စီးသွားတယ်။ တော်လှန်ရေးကိုထဲထဲဝင်၀င်ပါ၀င်ဖို့နဲ့ တောထဲရောက်သွားပြီး လက်နက်ကိုင် အဖွဲ့အစည်းထဲ ရောက်သွားတာရှိတယ်။ အဲ့တော့ အကြမ်းမဖက် လှုပ်ရှားတာ မဟုတ်တော့ဘဲလက်နက်ကိုင် လှုပ်ရှားမှုမှာ တစ်စိတ်တစ်ပိုင်းပါ၀င်သွားတာတွေ့ရတယ်။တစ်ဖက်မှာလည်း သူတို့ CDM မလုပ်ရင် အရေးယူမယ်ဆိုတော့ စဉ်းစားနေတဲ့ဟာတွေရှိလာတယ်။ ။ အဲ့ဒါကြီးက အများကြီး ပြသာနာရှိလာနိင်တယ်။

 နောက်တစ်ခုက CDM လုပ်ငန်းစဉ်တွေအတွက် NUG အနေနဲ့ ဘယ်လို မူဝါဒတွေ ချမှတ်ဖို့ လိုအပ်နေပြီးလဲ။

ပထမဉီးဆုံး မဖြစ်သင့်တဲ့အလုပ်ကတော့ CDM မလုပ်တဲ့သူတွေ အရေးယူမယ်ဆိုတဲ့ဟာက အဲ့ဒါ ပြသာနာရှိတယ်။ အဲ့ဒါကလုပ်လို့မရဘူး။ CDM မလုပ်တဲ့ဟာ ဘာကိုပြောတာလဲ၊ CDM လုပ်တယ်ဆိုတာ အဓိပ္ပါယ်ရှင်းရှင်းလင်းလင်းကွဲဖို့ လိုတယ်။ တစ်ချို့ ကျောင်းမတက်ဘူး ။ကျောင်းတော့ မတက်ဘူး၊ တော်လှန်ရေးထဲမှာလည်း မပါဘူး။ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေဖြစ်တဲ့ စားသောက်ကုန်တွေ သူ့ရဲ့ထုတ်ကုန်တွေကို သုံးနေကြတာ အဲ့ဒါတွေဆိုCDM တကယ်လုပ်တာလား စသဖြင့်ပေါ့၊ အများကြီးမေးစရာ အများကြီးရှိတယ်။တကယ်တမ်းရှင်းရှင်းလင်းလင်းလုပ်ဖို့က အခုလက်ရှိ အချိန်မှာ မလွယ်ဘူး။ အခု ရုံးမတက် ကျောင်းမတက် လုပ်ပြီးသွားရင် စစ်ကောင်စီက သူ့အလိုလို ပြုတ်ကျသွားမှာ မဟုတ်ဘူး။  တစ်ချို့တွေကCDMလု ပ်တယ်သာ ပြောလိုက်ကြတာCDM ဆိုတာ ဘာမှန်းမသိလိုက်ကြဘူး။ အဲဒီတော့ CDM တွေကို ဘယ်လိုစုစည်းပြီးမလဲဆိုတာ အစီအစဉ်ဆွဲဖို့လိုတယ်။ ပြီးသွားရင် CDMလုပ်နေတဲ့သူတွေ အကြမ်းမဖက်ပါ၀င်နေသူတွေရဲ့ အသက်အိုးအိမ်နဲ့ သူတို့ရဲ့ ဘ၀ရှင်သန်ဖို့အတွက် ကျွန်တော်တို့ ဘယ်လို ထောက်ပံ့မှုစနစ်တွေ စီစဉ်ဆောင်ရွက်မလဲဆိုတာ သေချာစဉ်းစားဖို့လိုမယ်။ သူတို့ရပ်တည်မှုရှိသွားပြီဆိုရင် လူ့စွမ်းအားအရင်းအမြစ်ကြီး ဒီလောက်အများကြီးရှိလာတဲ့အချိန်မှာ အဲ့စွမ်းအား အရင်းအမြစ်ကို တကယ့်တော်လှန်ရေးအင်အားအဖြစ် ပြောင်းလဲအောင် ဘာတွေလုပ်လို့ ရမလဲဆိုတာ သူတို့စီစဉ်ဖို့လိုမယ်။

နောက်ဆုံးအနေနဲ့ အခုလို အခက်အခဲ အကျပ်အတည်းအောက်မှာ ဘဝရပ်တည် နေထိုင်ဖို့ပင် မနည်းကြိုးပမ်းနေရတဲ့ CDM ဝန်ထမ်းတွေဟာ ရေရှည်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ ဒီအပေါ်မှာ ဘယ်လို အကြုံပြုချင်တာ ရှိမလဲ။

ဘယ်လိုဖြစ်လာမလဲဆိုတာ CDMဆိုတာ တကယ်ခံယူချက်နဲ့ လုပ်ရတဲ့အလုပ်ဖြစ်တယ်။ နောက် CDMလုပ်လိုက်တဲ့အတွက် နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတဲ့ဟာတွေ ကြိုတင်စဉ်းစားပြီး ပြင်ဆင်ပြီးလုပ်ရတဲ့အရာတွေဖြစ်တယ်။ မှားယွင်းတဲ့ ဆွဲဆောင်မှုနဲ့ အတင်းသူများကို တိုက်တွန်းတယ်။ အတင််းမြူဆွယ်တယ်ပေါ့။ ဈေးလိမ်ရောင်းသလိုပေါ့ ဒီဟာကြီးလုပ်လိုက်ရင် စစ်ကောင်စီပြုတ်ပြီအဲ့ အခါကျမယ်လုပ်ကြပါ ပထမပြောတယ်။ နောက်တကယ်လုပ်ပြီးတဲ့အခါကျတော့ ၁၄ ရက်စောင့်ပါ၊ တစ်လစောင့်ပါ၊ ၂ လ စောင့်ပါ၊ အခုပဲတော်လှန်ရေးပြီးတော့မှာတို့ အဲ့လိုမျိုးဟာတွေနဲ့ လူတွေကိုလိမ်လိုက်တာဖြစ်သွားတယ်။ ဒီလို လှည့်ဖျားပြီး CDM မှာ ပါ၀င်လာအောင် အတင်းလုပ်တာ၊ နောက်တစ်ချက်က  ခြိမ်းခြောက်ပြီးတော့ CDM မလုပ်လုပ်အောင် အတင်းတိုက်တွန်းတာမျိုးက ယုံကြည်ချက်နဲ့ CDMလုပ်ကြတာထက် ကြောက်လို့လုပ်တာ ဒါမှမဟုတ် တစ်ခုခုကို အကျိုးအမြတ်လိုချင်လို့ လုပ်လိုက်ကြတဲ့ သူတွေပါလာတဲ့အခါမှာ ကျနော်တို့ CDMဆိုတဲ့လှုပ်ရှားမှုကြီးကသူ့ရဲ့ဖြူစင်နေတဲ့အရောင်က အရောင်ဆိုးခြင်းခံလိုက်ရတယ်။ အဲ့ဒါကပြသာနာရှိတယ်။ CDM ဆိုတာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှု ဒီမိုကရေစီလှုပ်ရှားမှု ပြယုပ်ဖြစ်တယ် ကိုယ်ခံယူချက် ရပ်တည်ချက်တွေကို ဖော်ထုတ်နိုင်တဲ့ကိစ္စတွေကို အင်မတန်မှ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ကိုယ့်ရဲ့ ပါတီနိုင်ငံရေး၊ ကိုယ့်ရဲ့ အစုအဖွဲ့တစ်ခု ထောက်ခံမှုရဖို့အတွက် အာဏာရဖို့အတွက် ဒီလိုမျိုးလူတွေရဲ့ လှုပ်ရှားမှုကို အသုံးချပြီးတော့ အလွဲလုပ်တာ အထူးသဖြင့် လိမ်ညာလှည့်ဖျားတာတွေ လိုက်ပြီးအရောင်တွေ ဆိုးလိုက်ပြီး မဟုတ်ကဟုတ်ကတွေ မြူဆွယ်ပြီးတော့ ဒီဟာလုပ်ရင် ဒီဟာဖြစ်မယ်ဟာမျိုး အဲ့ဒါဆိုရင်CDMဆိုတဲ့ တန်ဖိုးနဲ့ သူ့ရဲ့အောင်မြင်နိုင်မယ့် ရလဒ်ကို တွေ့ရဖို့ အင်မတန်မှ နည်းသွားမယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.