တိုင်ပေ – အောက်တိုဘာ(၁၃)
မောင်းသူမဲ့ လေယာဉ်တွေအပါအဝင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ထိုင်ဝမ်ကို တိုက်စစ် ဆင်ဖို့ ယူကရိန်းစစ်ပွဲကို တရုတ်က လေ့လာနေတယ်လို့ ထိုင်ဝမ်လုံခြုံရေးအရာရှိတစ်ဦးက အောက်တိုဘာလ(၁၂) ရက်နေ့က ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို အခိုက်အမာကျင့်သုံးဖို့ အင်အား သုံးခြိမ်းခြောက်မှုတွေကို ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ပွဲ ကို လေ့လာနေတယ်လို့ သိရပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကို လာရောက်လည်ပတ်မှုနဲ့ ပတ်သက် ပြီး တရုတ်ဟာ ထိုင်ဝမ်ကျွန်းအနီးကမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် လထဲကနေ ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေအဆက်မပြတ်ပြုလုပ်နေတာပါ။
ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ် Chen Min-tong က တရုတ်နိုင်ငံဟာ ယူကရိန်းအဖြစ်အပျက်တွေကို အာရုံစိုက်နေတာဖြစ်တယ်လို့ ပါလီမန်မှာ ပြောဆိုခဲ့ပါတယ်။
“ဒီနှစ်မှာ ကွန်မြူနစ်စစ်တပ်ဟာ ထိုင်ဝမ်ကို ‘ပေါင်းစပ်စစ်ပွဲ’ ပုံဖော်ဖို့ ရုရှား-ယူကရိန်းစစ်ပွဲ အတွေ့အကြုံကနေ သင်ယူနေခဲ့ပြီး အားကောင်းတဲ့ ရန်သူတွေကို တိုက်ခိုက်နိုင်ရေးအတွက် လေ့ကျင့်တာတွေ အားကောင်းလာစေဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်” လို့ လွှတ်တော် အမတ်တွေကို ပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကျွန်းတွေနားနဲ့ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ် ဇုန်ကို ပျံသန်းတဲ့ မောင်းသူမဲ့လေယာဉ်တွေအသုံးပြုပြီး တရုတ်ရဲ့ ဩဂုတ်လစစ်ရေးလေ့ကျင့်မှုအပြီး မှာထိုင်ဝမ်အပေါ် “မီးခိုးရောင်ဇုန်”နဲ့ ပေါင်းစပ်လှုပ်ရှားမှုတွေကို တိုးချဲ့ခဲ့တယ်လို့ ချန်က ပြော ပါသေးတယ်။
တရုတ်ရဲ့ မီးခိုးရောင်ဇုန်စစ်ဆင်ရေးမှာ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ကို မကြာ ခဏပျံသန်းပြီး ထိုင်ဝမ်လေတပ်ကို အပြိုင်အဆိုင်တွန်းလှန်ခိုင်းသလို အဖွင့်တိုက်ပွဲကို မသုံးဘဲ ရန်သူကိုချေမှုန်းဖို့ ပုံမှန်မဟုတ်တဲ့ နည်းဗျူဟာတွေပါဝင်တယ်လို့ သိရပါတယ်။
တရုတ်ကွန်မြူနစ်တွေဟာ သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး၊မီးခိုးရောင်ဇုန်လှုပ်ရှားမှုတွေနဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုပုံစံအသစ်နဲ့ စုဖွဲ့ထားတဲ့ တခြားသော ဟိုက်ဘရစ်နည်း လမ်းတွေကိုလည်း တိုးမြှင့်လုပ်ဆောင်တာတွေရှိတယ်လို့ ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ် ချန် ကပြောပါသေးတယ်။
ထိုင်ဝမ်ရဲ့ တရားဝင်လွတ်လပ်ရေးကို မြှင့်တင်ဖို့လုပ်ဆောင်မှုအတွက် ပြည်ပတပ်ဖွဲ့ တွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး တင်းမာမှုတွေတိုးလာတဲ့အတွက် တရုတ်က ထိုင်ဝမ်ကို အပြစ်တင် ခဲ့ပါတယ်။
ယူကရိန်းအရေးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်တာမျိုး မဖြစ်စေဖို့အတွက် တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေဟာ ထိုင်ဝမ်အတွက် အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေကို ပေါင်း စပ်ပံ့ပိုးပေးခဲ့တယ်လို့ ချန်က ပြောခဲ့ပါတယ်။
ဒါကြောင့် ထိုင်ဝမ်ရဲ့ တရုတ်နဲ့ ဆက်ဆံနိုင်မှုစွမ်းရည်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ တရုတ်ရဲ့ ကြံစည်မှုတွေကိုလည်း ဟန့်တားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: CNA