အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ကျိုက်ထီးရိုးဘုရားဖူးများကို တိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်း NUG ဝန်ခံချက်ထုတ်ပြန်” ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက အောက်တိုဘာလ ၁၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ SaiAungYe ဖေ့ဘုတ်အကောင့်က ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “ကျိုက်ထီးရိုးဘုရားဖူးများကို တိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံစာ NUG ထုတ်” ဆိုတဲ့ခေါင်းစဥ်နှင့်အတူ NUGရဲ့ထုတ်ပြန်စာအတုကို ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ထုတ်ပြန်စာအတုဖြန့်နေတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3CuIQ63

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့NUG အမှတ်တံ ဆိပ်နဲ့ ထုတ်ပြန်စာအတုကို NUGဘက်က ပြောကြားသယောင် ဖြန့်ဝေနေတာကို စီစစ်တွေ့ရှိရ ပါတယ်။

ဒီစာမှာ ထိခိုက်သူများအတွက် တောင်းပန်ကြောင်း ဖော်ပြထားတာလည်း တွေ့ရပါတယ်။ကျိုက်ထီးရိုးဘုရားမှာ ပစ်ခတ်မှုအမှန်တကယ်ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် စစ်တပ်ထောက်ခံသူတွေ စွပ်စွဲရေးသားထားသလို NUGကလုပ်ဆောင်တာလို့ သက်သေအခိုင်အမာ မရှိသလို ပစ်ခတ်ခံရတာကြောင့်သေဆုံးသွားတဲ့ ဘုရားဖူး ၃ ဦးကိုလည်း မည်သည့်အဖွဲ့က ပစ်ခတ်သည် မည်သူလုပ်ဆောင်ခဲ့တယ်ဆိုတာလည်း အတိအကျ မသိရှိသေးတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ လူမှုကွန်ရက်စာမျက်နှာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာတွင်လည်း မည်သည့်ထုတ်ပြန်စာမှဖော်ပြ ထားခြင်း မရှိတာကို တွေ့ရှိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာလင့်…

https://bit.ly/3RRGRyl

အမျိုးသားညီညွတ်ရေးအစိုးရ လူမှုကွန်ရက်စာမျက်နှာလင့်…

https://bit.ly/3g4y3Yq

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ကျိုက်ထီး ရိုးဘုရားဖူးများကို တိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်းNUG ဝန်ခံခဲ့ကြောင်းNUG ထုတ်ပြန်စာထုတ် ပြန်”ဆိုတဲ့ ထုတ်ပြန်ချက်စာသည် သက်သေအခိုင်အလုံမရှိတဲ့ သတင်းထုတ်ပြန်ချက်စာအတု တခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.