Radio than Lwin Times(11/10)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
တိုကျို၊ အောက်တိုဘာ (၁၃) တိုယိုတာ မော်တာလုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၁၉လကျော်ကြာ ရပ်ဆိုင်းထားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီး စက်ရုံမှာ ကားတွေထုတ်လုပ်ဖို့ စတင်နေပြီလို့ အောက်တိုဘာ ၁၂ရက်နေ့မှာ ပြောပါတယ်။ အခြားသော ကုမ္ပဏီတွေ ထွက်ခွာသွားပေမယ့် ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်မှု စက်ရုံတစ်ခုဖြစ်တဲ့ တိုယိုတာဟာ စက်တင်ဘာ လမှာ စက်ပစ္စည်းအစိတ်အပိုင်းတွေကို မြန်မာနိုင်ငံကို ပြန်လည်တင်ပို့ခဲ့ပြီး တစ်ရက်လျှင်…
တိုင်ပေ – အောက်တိုဘာ(၁၃) မောင်းသူမဲ့ လေယာဉ်တွေအပါအဝင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ ထိုင်ဝမ်ကို တိုက်စစ် ဆင်ဖို့ ယူကရိန်းစစ်ပွဲကို တရုတ်က လေ့လာနေတယ်လို့ ထိုင်ဝမ်လုံခြုံရေးအရာရှိတစ်ဦးက အောက်တိုဘာလ(၁၂) ရက်နေ့က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို အခိုက်အမာကျင့်သုံးဖို့ အင်အား သုံးခြိမ်းခြောက်မှုတွေကို ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး…
ဘန်ကောက်၊ အောက်တိုဘာ (၁၃) ထိုင်းနိုင်ငံမှာ ခရိုင်ဒေသန္တရအဆင့် ရဲအရေးပိုင် နယ်မြေ ၈ရဲ့ လက်ထောက်ကော်မရှင်နာဖြစ်သူ ရဲအရာရှိ ဆွမ်ချိုင် နီတာရာ ဘိုဝန်ကောလ် ဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာခဲ့တာကြောင့် သူ့ရဲ့ဘတ်၁၃၆မီလီယမ် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းလိုက်တယ်လို့ အမျိုးသား အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က တာဝန်ရှိသူက ပြောပါတယ်။…
သရက်ချောင်း – အောက်တိုဘာ(၁၃) ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဒီကနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနက်(၇) နာရီက စစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေအုပ်ရုံးခြံဝင်းအတွင်းမှာ အသံကျယ်လောင်တဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ ဒီဖောက်ခွဲမှုကိုဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတော့ မသိရသေးပါဘူး။ “ ပေါက်ကွဲသံက အရမ်းကျယ်တယ်၊ ထွေအုပ်ခြံဝင်းထဲမှာပဲ ပေါက်တာပါ၊ ဘယ်သူလုပ်တာတော့ မသိရဘူး၊…
ဘားအံ၊ အောက်တိုဘာ (၁၃) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာရှိ ဘားအံခရိုင် USDP ပါတီ ဥက္ကဌ နေအိမ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၇ နာရီခွဲခန့်မှာ ဘားအံခရိုင် USDP ပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး ၄၇ နှစ်ဟာ နေအိမ် ဆိုင်မှာ…
အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ကျိုက်ထီးရိုးဘုရားဖူးများကို တိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်း NUG ဝန်ခံချက်ထုတ်ပြန်” ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက…
နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံဝန်ထမ်း သိန်းနဲ့ချီ ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် CDM လှုပ်ရှားမှု ပါဝင်ထားတဲ့ နိုင်ငံဝန်ထမ်းတွေဟာ လက်ရှိမှာတော့ အခက်အခဲ အကျပ်အတည်းအောက်မှာ ဘဝရပ်တည် နေထိုင်ဖို့ပင် မနည်းကြိုးပမ်းရပ်တည်နေတာပါ။ ဒါကြောင့် CDM ဝန်ထမ်းတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘယ်လို တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်ပေးဖို့…
ပွင့်ဖြူ၊ အောက်တိုဘာ (၁၃) မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီသွားတဲ့ ဒေသခံ ၉ ဦးဟာ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါ တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စံပြကျေးရွာက ဒေသခံ ၁၀ ဦး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ…
မော်လမြိုင်၊အောက်တိုဘာလ (၁၃) AAPP ၏ အောက်တိုဘာလ (၁၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၁၉)ရက်အတွင်း ပြည်သူ (၂၃၄၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၈၃၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၆) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင်…