အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှားး အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်ဆိုတဲ့သတင်း အမှားသာဖြစ် “ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက အောက်တိုဘာ( ၉)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ Sitt Kell Gyi,MHT new,Kyaw Swar စတဲ့ လူမှုစာမျက်နှာတွေနှင့်အကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

“သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်ဆိုတဲ့သတင်း အမှားသာဖြစ်” ဆိုတဲ့ခေါင်းစဉ်နဲ့ အတူ ဓာတ်ပုံတွေနဲ့ ရေးသား ဖြန့်ဝေခဲ့ကြတာပါ။စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကို အောက်ပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

https://bit.ly/3VmzT7whttps://bit.ly/3CO63RV

https://bit.ly/3S76kUF

ဒီအကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ စစ်တပ်ထောက်ခံတဲ့ အကောင့်တုတွေက သတင်းအမှားဖြန့်ဝေနေတာ ဖြစ်ကြောင်း စီစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ အောက်တိုဘာ၉ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံ ရင်ပြင်တော်ပေါ်မှာ ဓမ္မဝါဒီအတွက် အရေးတော်ပုံ အောင်ရမည် ဟူသောလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force – YRF ၏ Soft Strike Community) မှ လူငယ်ရဲဘော်များက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါလူထုလှုပ်ရှားမှုကို ရွှေတိဂုံဘုရားရင်ပြင်များ ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် စစ်ကောင်စီတပ်သားတွေ အင်အားတိုးချဲ့နေသည့်ကြားမှ အရဲစွန့်ကြိုးပမ်းခဲ့ကြတာလို့လည်း ရန်ကုန်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်နဲ့ပက်သက်ပြီး ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force – YRF ၏ Soft Strike Community)ရဲ့သတင်းထုတ်ပြန်ချက်ကို အောက်ပါလင့်မှာ တွေ့ရပါတယ်။

https://bit.ly/3rO3Uj0

ဒါ့အပြင် ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြလူငယ်တွေကိုဖမ်းမိ ဆိုတဲ့သတင်းဟာလည်း သတင်းအမှားသာ ဖြစ်ပြီး ရဲဘော်တွေ ဘေးကင်းမှသာ သတင်းကိုထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့လည်း ရန်ကုန် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။

ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြသတင်းကို ဖော်ပြထားတဲ့ သတင်းဌာနတွေရဲ့ သတင်းလင့်တွေကတော့

BBC သတင်းလင့်− https://bit.ly/3CKS0N1

Lu Nge Khit သတင်းလင့်https://bit.ly/3Eu9ej3

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်ဆိုတဲ့သတင်း အမှားသာဖြစ်”ဆိုတဲ့ သတင်းဟာ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ သတင်းအမှားတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.