ပြုံယမ်း – အောက်တိုဘာ(၁၂)
မြောက်ကိုရီးယားရဲ့မကြာခင်က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပစ်မှတ်တွေကို ချေမှုန်းဖို့ လက်နက်စမ်းသပ်မှုလုပ်ဆောင်တာ ဖြစ်တယ်လို့ ပြော ဆိုထားသလို နောက်ထပ် စမ်းသပ်မှုတွေလုပ်ဆောင်ဦးမှာဖြစ်တယ်လို့ ခေါင်းဆောင် ကင်မ် က ပြောပါတယ်။
လက်ရှိမြောက်ကိုရီးယားနိုင်ငံဟာ လူထုစည်းလုံးမှုရဖို့ အဓိကလုပ်ဆောင်နေပေမယ့် ကိုဗစ် ကြောင့် စီးပွားရေးကြပ်တည်းလာတာနဲ့ အမေရိကန်-တောင်ကိုရီးယားရဲ့ အားကောင်းလာတဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်အခြေအနေတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
“နည်းဗျူဟာအရ နျူကလီးယားစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှု ခုနစ်ကြိမ်ပြုလုပ်ပြီးပြီ။ တကယ့်စစ်ပွဲစွမ်းရည်တွေဟာ နေရာ မရွေး၊ အချိန်မရွေး တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့် ဖြစ်နေပြီ” လို့ Korean Central News Agency တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နျူစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Ronal Reagan အပါအဝင် အမေရိကန်- တောင်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့တွေဟာ မကြာခင်က ရေတပ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန် တဲ့အနေနဲ့ မြောက်ကိုရီးယားက အခုလိုစမ်းသပ်မှုတွေလုပ်ဆောင်တာဖြစ်တယ်လို့ KCNA က ဆိုပါတယ်။
အမေရိကန်-တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားဘက်က စစ်ရေး ခြိမ်းခြောက်မှုအဖြစ် လက်ခံထားတဲ့အတွက် စစ်ရေးမြှင့်တင်ပြီး စစ်ပွဲပုံဖော်ဖို့ လုပ်ဆောင်နေတာ လို့ ပြောဆိုတာတွေလည်းရှိနေပါတယ်။
ဒါပေမယ့် အမေရိကန်- တောင်ကိုရီးယားဘက်ကတော့ မြောက်ကိုရီးယားရဲ့ ထိုးစစ်ကိုသာ ခုခံ သွားမယ့်ပုံစံရှိနေပြီး ခံစစ်အဖြစ်နဲ့သာ ရှိနေတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်-တောင်ကိုရီးယားစစ်တပ်တွေဟာ ကိုဗစ်ဖြစ်ပွားမှုကို ဖြေရှင်ဖို့သာမက မြောက်ကိုရီးယားနဲ့ အမေရိကန်ကြားမှာရှိတဲ့ နျူကလီးယား သံခင်းတမန်ခင်း ကြောင့် အရင်ထက် စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားဟာ ခေါင်းဆောင်ကင်မ် ရဲ့ စေခိုင်းမှုနဲ့ ဒုံးကျည်တွေ လွှတ်တင်ရာမှာ နျူကလီး ယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးတွေပါဝင်သလို တောင်ကိုရီးယားလေယာဉ်ကွင်းကို တိုက်ခိုက်ဖို့ ဒီဇိုင်း ထုတ်ထားတဲ့ နျူထိပ်ဖူးတပ် ဒုံးကျည်တွေ၊ပဲ့ထိန်းဒုံးကျည်တွေနဲ့ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တွေ ကိုအသုံးပြုပြီး စစ်ရေးလေ့ကျင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ မြေပြင်ပစ်ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်နိုင်ငံ ပေါ်က ဖြတ်သန်းသွားတဲ့ ဒုံးအမျိုးအစားဖြစ်တယ်လို့ KCNA က ဖော်ပြထားပါတယ်။
“ရန်သူတွေက ကျွန်တော်တို့ကို စစ်ရေးအရ ခြိမ်းခြောက်နေချိန်မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ စေ့စပ်ညှိနှိုင်းရေးအကြောင်း ပြောနေတုန်းပဲလို့ ပြောပေမယ့် ရန်သူတွေနဲ့ ဆွေးနွေးဖို့ အကြောင်းအရာတွေ မရှိဘူး။ အဲဒီလိုလုပ်ဖို့ မလိုအပ်ဘူးလို့ ခံစားရတယ်” လို့ ကင်ဂျုံအန်က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား တုံ့ပြန်မှုအခြေအနေနဲ့ တိုက်ခိုက်မှုစွမ်းရည်တွေကို အသိပေး တာဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့အတွက် ထင်ရှားတဲ့ သတိပေးချက်ဖြစ်တယ်လို့ လည်း ကင်မ် ကပြောပါသေးတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်နဲ့ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိသလို မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်တိုက်တွေကို ပိုမိုတိုးချဲ့ဖို့သာ အာရုံစိုက်လုပ်ဆောင်နေတယ် လို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောထားပါတယ်။
Ref:Nine News