ကီးယက် – အောက်တိုဘာ(၁၂) 

ယူကရိန်းမြို့တော်နဲ့ တခြားမြို့တွေမှာ ရုရှားဒုံးကျည်တွေ ကျရောက်ပြီးနောက် ယူကရိန်းနိုင်ငံ ကို အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပံ့ပိုးပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ ရုရှား ရဲ့ အဓိက တံတားတစ်စင်းဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ(၁၁) ဦးထက်မနည်း သေဆုံး ခဲ့တာ နဲ့ပတ်သက်ပြီး ယူကရိန်းအပေါ် ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားတာပါ။ 

“အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအပါအဝင် ခုခံကာကွယ်ဖို့ လိုအပ်တဲ့ အထောက်အပံ့တွေ ယူကရိန်းကို ဆက်ပေးသွားမယ်လို့ ကတိပြုပါတယ်” လို့ အမေရိကန်၊ ယူကရိန်း သမ္မတ နှစ်ဦး စကားပြောဆိုခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် သမ္မတ ဇလန်းစကီးက လေကြောင်းကာကွယ်ရေးဟာ ကျွန်ုပ်တို့ရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ လက်ရှိနံပါတ်(၁) ဦးစားပေးဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာ မှာရေးသားထားပါတယ်။ 

ရုရှားတပ်ဖွဲ့တွေဟာ နိုင်ငံတစ်ဝှမ်း ကို ဒုံးကျည်(၈၀) ကျော်ပစ်ခတ်ခဲ့သလို ဘီလာရုစ်က ပစ်လွှတ် တာတွေဟာ အီရန် ထုတ်ဒရုန်းအသုံးပြုထားတယ်လို ယူကရိန်းက ဆိုထားပါတယ်။ 

“ဒီလို အသိတရားမဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ချစ်မြတ်နိုးရသူတွေထံ သမ္မတမှ ထပ်တူဝမ်းနည်းကြေကွဲရကြောင်းကို ပြောကြားခဲ့တယ်” လို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ 

ရုရှားကို အရေးယူမှုတွေ ဆက်လက်ချမှတ်ဖို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံကြဖို့နဲ့  စစ်ရာဇဝတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် ရုရှား တာဝန်ခံရမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတက ပြောဆိုခဲ့ပါတယ်။ 

Ref: Timesofisrael

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.