ကျိုက်ထို၊ အောက်တိုဘာ (၁၂)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးက စစ်ကောင်စီ လုံခြုံရေးဂိတ်ဟာ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က တောင်တက်ဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လုံ ခြုံရေးယူထားတဲ့ ဂိတ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ လုံခြုံရေး ဂိတ်ပစ်ခံရပြီး နှစ်ဖက် အပြန်အ လှန် ပစ်ခတ်မှုအတွင်း ဘုရားဖူး အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ ၃ ဦးအပါအဝင် ဘုရားဖူးပြည်သူ ၁၃ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

“လုံခြုံရေးဂိတ်ကို ကားတွေနဲ့လာပြီး ပစ်တာလို့တော့ သိရတယ်၊ ပြီးတော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်၊ လောလောဆယ်တော့ ဘုရားဖူး အမျိုးသမီး ၃ ဦး သေတယ်၊ ကျန်တဲ့သူတွေကို ဆေးရုံပို့ထားတယ်၊ ဘယ်သူပစ်တဲ့ ကျည်ထိ သေတာလဲဆိုတော့ အတည်မပြုနိုင်ဘူး”လို့ ဒေသခံတွေက တစ်ဦးက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်အတွင်း ထိခိုက်သေဆုံးဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းကားတွေနဲ့ ကျိုက်ထိုမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်နေထားပါတယ်။

ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးက စစ်ကောင်စီ လုံခြုံ ရေးဂိတ်ဟာ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ နောက်ဆက် တွဲ အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.