Radio Than Lwin Times(10/10)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
တိုကျို၊ အောက်တိုဘာ (၁၂) လိင်တူချစ်သူတွေ မှတ်ပုံတင်ခြင်း စနစ်အတွက် လျှောက်လွှာတင်နိုင်တဲ့ စနစ်တစ်ခုကို အောက်တိုဘာလ ၁၁ရက်နေ့မှာ တိုကျို မှာ ဖွင့်လှစ်ပေးခဲ့ပြီး ဒါဟာ ဂျပန်နိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မတူကွဲပြားမှုတွေကို လက်ခံကျင့်သုံးမှုအခြေအနေမှာ အခြားသော နိုင်ငံတွေထက် နောက်ကျနေတဲ့ နိုင်ငံဖြစ် ပြီး လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုတဲ့ တစ်ခုတည်းသော G7 နိုင်ငံဖြစ်ပေမယ့်…
ပြုံယမ်း – အောက်တိုဘာ(၁၂) မြောက်ကိုရီးယားရဲ့မကြာခင်က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပစ်မှတ်တွေကို ချေမှုန်းဖို့ လက်နက်စမ်းသပ်မှုလုပ်ဆောင်တာ ဖြစ်တယ်လို့ ပြော ဆိုထားသလို နောက်ထပ် စမ်းသပ်မှုတွေလုပ်ဆောင်ဦးမှာဖြစ်တယ်လို့ ခေါင်းဆောင် ကင်မ် က ပြောပါတယ်။ လက်ရှိမြောက်ကိုရီးယားနိုင်ငံဟာ လူထုစည်းလုံးမှုရဖို့ အဓိကလုပ်ဆောင်နေပေမယ့် ကိုဗစ် ကြောင့် စီးပွားရေးကြပ်တည်းလာတာနဲ့ အမေရိကန်-တောင်ကိုရီးယားရဲ့ အားကောင်းလာတဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်အခြေအနေတွေကြောင့်…
ကီးယက် – အောက်တိုဘာ(၁၂) ယူကရိန်းမြို့တော်နဲ့ တခြားမြို့တွေမှာ ရုရှားဒုံးကျည်တွေ ကျရောက်ပြီးနောက် ယူကရိန်းနိုင်ငံ ကို အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပံ့ပိုးပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ ရုရှား ရဲ့ အဓိက တံတားတစ်စင်းဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ(၁၁) ဦးထက်မနည်း သေဆုံး ခဲ့တာ…
နေပြည်တော် – အောက်တိုဘာ(၁၂) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ဖျက်သိမ်းတာဟာ အသက်အရွယ်ကြီးရင့် တာနဲ့ တခြားအခက်အခဲတွေရှိလာတဲ့အတွက်ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အသိပေးထုတ် ပြန်လိုက်ပါတယ်။ ဒါ့အပြင် လူမှုရေးနဲ့ တခြားအခက်အခဲတွေရှိလာတာနဲ့ ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ဆောင် ဖို့ဆန္ဒမရှိတော့တဲ့အတွက် နိုင်ငံရေးပါတီမှတ်ပုံတင်ထားတာကနေ ဖျက်သိမ်းလိုက်ဖို့ ဗဟိုအလုပ် အမှုဆောင်တွေက သဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ဆိုထားပါတယ်။ UBP ပါတီကို ဒီလ(၁၁) ရက်နေ့ကစပြီး ဖျက်သိမ်းဖို့…
ကျိုက်ထို၊ အောက်တိုဘာ (၁၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးက စစ်ကောင်စီ လုံခြုံရေးဂိတ်ဟာ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က တောင်တက်ဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လုံ ခြုံရေးယူထားတဲ့…
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အညာဒေသလို့ဆိုလိုက်ရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အံတုပြီး ရှင်သန်နေကြတဲ့ အုပ်ဆိုင်းဆိုင်း ထနောင်းပင် ကြီးကြီးငယ်ငယ်တွေ၊ ထန်းပင်၊ ထန်းတောတွေကို မြင်တွေ့ကြရမှာပါ။ ဒီထနောင်းပင်တွေနဲ့ ထန်းပင်တွေအကြားက လယ်ကွင်းပြင်တွေမှာ နွားတွေ၊ နွားလှည်းတွေနဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ မြင်ကွင်းဟာလည်း အညာရဲ့အလှတရားဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်လို့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပွဲတော်တွေမှာလည်း နွားနဲ့လှည်းကို အသုံးပြုတတ်ကြပြီး ပွဲတော်ရှိရာကို နွားလှည်းတွေနဲ့…
အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှားး အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ် အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်ဆိုတဲ့သတင်း အမှားသာဖြစ် “ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…
မော်လမြိုင်၊ အောက်တိုဘာ (၁၂) AAPP ၏ အောက်တိုဘာလ (၁၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၁၈)ရက်အတွင်း ပြည်သူ (၂၃၄၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၈၂၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၆) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး…
လောင်းလုံး၊ အောက်တိုဘာ (၁၂) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲက ကျောက်နီမော်၊ ဂေါ့အင်း၊ ပန္နလဲ၊ ကဒက်ကြီးကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၁၂၀ ကျော်နဲ့ ဝင်ရောက် တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်း၊ ရေကြောင်းကနေ ဝင်ရောက်လာပြီးနောက် အဲဒီကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ပျူစောထီးတွေအခြေချတဲ့…