ကိုလံဘို – အောက်တိုဘာ(၈) 

သီရိလင်္ကာနိုင်ငံရဲ့  ထိပ်တန်းတရားရုံးက  သမ္မတဟောင်း ဂိုတာဘာရာရာဂျာပက်ဆာကို တရားစွဲဖို့ ခွင့်ပြုလိုက်ပြီလို့ အဲဒီအမှုကို စွဲဆိုထားတဲ့ လူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ (၇) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့  ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း နှစ်ဦးကိုလည်း  တရားစွဲဆိုဖို့  တရားရုံးက သဘောတူညီခဲ့တာပါ။

အဲဒီအမှုကို Transparency International လူ့အခွင့်အရေးအဖွဲ့က တင်သွင်းခဲ့တာဖြစ်ပြီး ဒီအမှုဟာ ဆယ်စုနှစ်ကျော်အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တဲ့ ခေါင်းဆောင်ပိုင်းတွေက တာဝန်ခံမှု ရှိဖို့လည်း တောင်းဆိုထားပါ တယ်။

သီရိလင်္ကာသမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာဟာ  ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံက စွန့်ခွာခဲ့ပြီး မော်လ်ဒိုက်မှတဆင့် စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ စင်္ကာပူကို ရောက်ပြီး နာရီအနည်းငယ်ကြာတဲ့ အချိန်မှာ နှုတ်ထွက်စာ တင်သွင်းခဲ့တာ ဖြစ်တယ်လို့ ပါလီမန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာပါ။

နောက်ထပ် ရက်သတ္တပတ်ကြာမြင့်ချိန်မှာတော့ သူဟာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ သမ္မတ ဂိုဒါဘာရာကတော့ နိုင်ငံက စွန့်ခွာသွားပြီးနောက်မှာ လက်ရှိ ဝန်ကြီးချုပ် ရာ‌နေးလ်ဝစ်ခရင်ဆင်မ်ဂီ ကို သီရိလင်္ကာရဲ့ ယာယီသမ္မတအဖြစ် ကြေငြာခဲ့ပါတယ်။ သမ္မတဟာ ထိုင်းနိုင်ငံကိုရောက်ပြီး သီတင်းပတ် ၇ပတ်ကြာ မြင့်တဲ့ အချိန်မှာတော့ သီရိလင်္ကာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.