ဘန်ကောက် – အောက်တိုဘာ(၈) 

ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ဦးက နေ့ကလေးထိန်း ကျောင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းဘုရင်နဲ့ ဝန်ကြီးချုပ်ဖြစ်သူတို့သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံသမိုင်းမှာ လူသတ်သမားတစ်ဦးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဆိုးရွားဆုံးနဲ့ ကလေးသူငယ်သေဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာပါ။ 

နေ့ထိန်းဂေဟာက ကလေးတွေဟာ အသက်(၂) နှစ်ကနေ (၅) နှစ်အထိဖြစ်တယ်လို့သိရပြီး သတ်ဖြတ်ခံရတဲ့အခြေအနေဟာ ဓားနဲ့ထိုးသတ်ခံခဲ့ရတဲ့ပုံစံမှာရှိတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်သူ ပန်ရာကို ရဲတပ်ဖွဲ့က ဖော် ထုတ်နိုင်ခဲ့ပြီးနောက် ပြင်းထန်တဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့ကာ သူ့ရဲ့ ဇနီးနဲ့ ကလေးကို သေနတ်နဲ့ ပစ်သတ်ကာ သူကိုယ်တိုင်လဲ အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။ 

“ဒါဟာ ဘယ်သူမှ မမြင်စေချင်တဲ့ မြင်ကွင်းတစ်ခုပါ။ ကျွန်တော် ဝင်လိုက်တာနဲ့ ပထမဆုံး ခြေလှမ်းက ထိတ်လန့်စရာ ခံစားရတယ်၊ ငါတို့အရင်က ကြုံဖူးပေမယ့် ဒီအဖြစ်အပျက်က ကလေးလေးတွေဆိုတော့ ရင်နာစရာအကောင်းဆုံးပဲ ” လို့ ရှေးဦးတုံ့ပြန်ရေးအဖွဲ့ ဦးဆောင်သူ အရေးပေါ်ဝန်ထမ်းက ရိုက်တာကို ပြောပါတယ်။ 

သေနတ်သမားဟာ အဲ့ဒီနေ့အစောပိုင်းက တရားရုံးမှာ အမှုလာရောက်ရင်ဆိုင်ခဲ့ပြီးနောက် သူ့ ကလေးကို ဂေဟာကပြန်ခေါ်သွားခဲ့ပြီးနော် အဲ့ဒီဂေဟာမှာပဲ သူ့ကလေးကို ပြန်လာရှာတဲ့ အချိန် မတွေ့တဲ့အတွက် ရူးကြောင်ကြောင်ဖြစ်ကာ တခြားကလေးငယ်တွေကို ခုတ်ထစ်သတ်ဖြတ်သွား တာဖြစ်တယ်လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကThaiPBS ရုပ်သံကို ပြောခဲ့ပါတယ်။

သေနတ်သမား ရဲအရာရှိဟောင်းရဲ့ မိခင်ဖြစ်သူက သူ့မှာ ဖိအားတွေရှိနေသလို မူးယစ်ဆေးဝါးနဲ့ ကြွေးမြီပြဿနာတွေကို ရင်ဆိုင်နေရတယ်လို့ Nation TV ကို ပြောပါတယ်။ 

“သူကျွန်မဆီ ဦးတည်လာပြီး ကျွန်မကို သနားဖို့ သူ့ကိုတောင်းပန်ခဲ့ပါတယ်၊ ကျွန်မ ဘာလုပ် ရမှန်းမသိဘူး၊ သူက ဘာမှ မပြောဘူး၊ ကလေးတွေ အိပ်ပျော်နေတုန်း တံခါးကို သေနတ်နဲ့ ပစ်တယ်” လို့ အမျိုးသမီးတစ်ဦးက ThaiPBS ကိုပြောခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်တဲ့ ဥပဒေကို တင်းကြပ်ထားပေမယ့် အရှေ့တောင်အာရှ က တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြင့်မားနေတဲ့အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့အတွက် အစိုးရအဆောက်အုံတွေ မှာ အလံတိုင်တစ်ဝက်သာလွှင့်တင်ထားတယ်လို့ သိရပါတယ်။

Ref: WIOM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.