မော်လမြိုင်၊ အောက်တိုဘာ (၇)

လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူရဲ့ နေက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တယ်လို့ အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အတည်ပြုပြောဆိုလိုက်တာပါ။

အသက် ၃၅ နှစ်အရွယ် PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေထိ ၄ ကြိမ်ဆက်တိုက် ပါဝင်ကစားပေးထားတာပါ။

လီယွန်နယ် မက်ဆီကတော့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး ဖြစ်သလို ဒီကမ္ဘာ့ဖလားပြိုင်ပွဲ သူရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

ကမ္ဘာအကောင်ဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘလွန်းဒီအော့ဆု ၇ ဆုပိုင်ရှင် လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသသင်းအတွက် ပွဲပေါင်း ၁၅၅ ပွဲထိ ကစားပေးထားသလို သွင်းဂိုး ၉၀ သွင်းယူပေးထားပါတယ်။

ဒါ့အပြင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ဒုတိယဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.