Philippine President Ferdinand Marcos Jr. gestures during his speech at the 2022 Department of Environment and Natural Resources Multistakeholder Forum in Manila, Philippines, Wednesday, Oct. 5, 2022. (AP Photo/Aaron Favila)

မနီလာ – အောက်တိုဘာ(၇) 

နိုဝင်ဘာလမျာကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းအတွက် ချဉ်းကပ်မှုအသစ်တွေကို အဆိုပြုမယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် က အောက်တိုဘာလ (၅) ရက်နေ့က ပြောခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကာ ပြီးခဲ့တဲ့နှစ် ဧပြီလက အာဆီယံနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ငါးရပ်ကို အကောင် အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ စစ်ကောင်စီကို ဒေသတွင်းအစည်းအဝေးတွေကနေ တားမြစ်ခဲ့ တာပါ။ 

အာဆီယံရဲ့ တင်းမာတဲ့ ရပ်တည်ချက်ကြောင့် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ အစီအစဉ်ကို လိုက်နာဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေနဲ့တော့ တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆန်ထားကြပါတယ်။ 

“အနည်းဆုံးတော့ တပ်မတော်အစိုးရ ကိုယ်စားလှယ်တွေကို စားပွဲပေါ်တင်ဖို့ ခိုင်မာတဲ့ အဆိုပြုချက်အချို့ကို တင်ပြဖို့ အချိန်တန်ပါပြီ၊ ဒါကြောင့် ဒီအကြောင်းအရာတွေကို စတင်ဆွေးနွေးနိုင်ပါပြီ” လို့ ဖိလစ်ပိုင်သမ္မတ မားကိုစ့်က ပြောခဲ့ပါတယ်။ 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့် ရက်ပိုင်းမှာပြုလုပ်မယ့် နိုင်ငံစုံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံရေး နောက်ခံမပါတဲ့ ပုဂ္ဂိုလ်တစ်ဦးကို အမည်စာရင်းတင်သွင်းဖို့ စစ်ကောင်စီမှာ တောင်းဆိုထား တယ်လို့ ရိုက်တာကို အတည်ပြုပါတယ်။ 

“တဖန် SAC သည် ထိပ်သီးအစည်းအဝေးသို့ မည်သူ့ကိုမျှ စေလွှတ်ရန် ငြင်းဆိုခဲ့သည်” လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ ချွန်းဆောင်ရီက ပြောခဲ့ပါတယ်။ 

အမေရိကန်ကာကွယ်ရေးမဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ရုရှားကို အရေးယူပိတ်ဆို့မှု တစ်စုံတစ်ရာ ချမှတ်ထားတာမရှိဘူးလို့ သိရပါတယ်။ 

အာရှနိုင်ငံတွေရဲ့ တင်းမာမှုတွေ စိန်ခေါ်မှုတွေကြားမှာ ဒေသတွင်း ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ အတွက် ဖိလစ်ပိုင်နိုင်ငံကို အဓိက အခန်းကဏ္ဍက ပါဝင်စေလိုတယ်လို့ မားကိုစ့်က ပြောခဲ့ ပါ တယ်။ 

ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် အားထုတ်ပြီး ဦးဆောင်ဦးရွက်ပြုနေကြတဲ့ နေရာမှာ ပါဝင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်လို့ ဖိလစ်ပိုင်သမ္မတက ဆိုပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.