ရန်ကုန်၊ အောက်တိုဘာ (၇)

ရဲချုပ်(ဟောင်း) သန်းလှိုင်အပါအဝင်၊ ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာနဲ့အတူ Dynasty International Company Limited တို့ကို ရုရှားထုတ်စစ်လက်နက်တွေ ဘီလာရုစ်မှတစ်ဆင့် ဝယ်ယူပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှု ရှိစေဖို့အတွက် သမ္မတရဲ့ အမိန့်အမှတ် ၁၄၀၁၄ အရ ပစ်မှတ်ထားအရေး ယူဖို့သတ်မှတ်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဂျေဘလင်ကန်က အောက်တို ဘာလ ၆ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

အခုလို အရေးယူမှုတွေ ပြုလုပ်လိုက်တာကြောင့် ရုရှားနဲ့ ဘီလာရုစ် စစ်တပ်တွေနဲ့ မြန်မာစစ်တပ်ကြား ကာလရှည် ကြာ တည်ရှိခဲ့တဲ့ ဆက်ဆံရေးကိုလည်း အကျိုးသက် ရောက်စေမှာ ဖြစ်ပြီး မြန်မာစစ်အာရှင် အဖွဲ့အစည်းအ နေနဲ့လည်း ပြည်သူလူထုအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးကူညီနေသူတွေကိုလည်း အမေရိကန်ရဲ့ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု အခွင့် အာ ဏာကို ဆက်လက် အသုံးချပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ အရင်ရဲချုပ် နဲ့ ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း ဖြစ်သူ (ဦး) သန်းလှိုင်ကို လည်း ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်ချမ်းစွာဆန္ဒပြသူတွေကို ဥပဒေမဲ့ သတ် ဖြတ်ခြင်းလို ကြီးမားတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၂၂ နိုင်ငံရပ်ခြား လုပ်ငန်းဆောင်ရွက်ရေးနဲ့ ဆက်စပ်အစီအစဉ်များ လျာထားချက် အက်ဥပဒေအရ အရေးယူမှု လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာရှင်အဖွဲ့အစည်းက ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ခံ​ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှု၊ စက်တင်ဘာ ၁၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အနည်းဆုံးက လေးငယ် ၁၁ဦး သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ်နဲ့ စာသင် ကျောင်းကို တိုက်ခိုက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ကျူးလွန်ဆောင်ရွက်နိုင်ဖို့ စစ်တပ်ကို အားပေးအားမြှောက်ပြုနေသူ အားလုံးကို အရေးယူဖို့ ပစ်မှတ်ထားကြောင်း ဆက်လက်ပြောကြားပါတယ်။

မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားဖို့ ရှိနေပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ လူသာချင်း စာနာထောက်ထားမှုအကူအညီတွေကို အတား အဆီးမရှိပေးအပ်နိုင်ရန်ဖို့နဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင် နိုင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြန်လည်ရောက်ရှိဖို့ကိုလည်း အမေရိကန်က တောင်းဆိုထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.