ရေး၊ အောက်တိုဘာ (၇)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီးက စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ဂိတ်ကို အောက်တိုဘာ ၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း MSRO က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေး-ထားဝယ်ကားလမ်းမဘေး ကိုးမိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ဂိတ်ကို MSRO အဖွဲ့က လက်နက်ကြီး ၄၀ မမတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါပါတယ်။
MSRO အဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အမြောက်တပ်ဂိတ်အနီး ကျရေက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပေမယ့် မြေပြင် အခြေအနေ အသေးစိတ် အချက်အလက်ကို ဆက်လက် စုံစမ်းနေတယ်လို့ MSRO တာဝန်ခံက ဆိုပါတယ်။
စစ်ကောင်စီ အမြောက်တပ်ဂိတ်ကို တိုက်ခိုက်ပြီးနောက် MSRO အဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တာပါ။
မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း MSRO ဟာ ပြီးခဲ့တဲ့ စက်တင်ဘ ၂၆ ရက်နေ့တုန်းကလည်း စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားတဲ့ ရေးမြို့ရှိ စစစ ရုံးကို မိုင်းထောင်ဖောက်ခွဲခဲ့တာကြောင့် ရုံအဆောက်အဦး ပြိုကျပျက်စီးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်