ဘန်ကောက်၊ အောက်တိုဘာ (၆)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ်တစ်ခုရှိ နေ့ကလေးထိန်းကျောင်းကို ရဲအရာရှိဟောင်းတစ်ဦးက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ(၃၄) ဦးသေဆုံးကာ အဲ့ဒီအထဲမှာ ကလေးငယ် (၂၂) ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေနတ်သမား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်မှာ ကလေးအယောက်(၃၀) လောက်ဟာ နေ့လည်စာ စားနေချိန်ဖြစ်ပြီး ကျောင်းဝန်ထမ်း(၅) ဦးကိုအရင်ပစ်ခတ်ခဲ့ကာ အဲ့ဒီထဲမှာ ကိုယ်ဝန် (၈) လလွယ်ထားရတဲ့ ဆရာမတစ်ဦးလည်း ပါဝင်ခဲ့တာပါ။

ကလေးသူငယ်တွေအများဆုံးရှိတဲ့ ကျောင်းကို ဘာကြောင့်တိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြင့်မားနေ ပေမယ့် တရားဝင် ကိုင်ဆောင်တဲ့ အချက်အလက်ကိန်းဂဏန်းတွေမှာတော့ နည်းပါး နေပါသေးတယ်။

သေနတ်သမားဟာ မူကြိုကျောင်းကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် သူ့ရဲ့အိမ်ကို ပြန်သွားပြီး သူ့ရဲ့ ဇနီးနဲ့ ကလေးကို လည်းသတ်ဖြတ်ခဲ့ကာ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း စစ်သားတစ်ဦးက နေရာလေးခုမှာ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ တဲ့အတွက် လူ(၂၉) ဦးထက်မနည်း သေဆုံးခဲ့သလို (၅၇) ဦးလောက်ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.